Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

ခိုးတီးတဲ့ သံစဉ် ၊ ကြေကွဲ တဲ့ လက်ခတ်

ရင်တွေကွဲ ..အာခေါင်တွေခြောက်ကပ်လို့ ..
အညိုရောင် အိမ်မက်တွေမက်တယ်
ကြောက်တတ်တဲ့ ကောင်ရဲ့ မြို့ လေးမှာ
ဘယ်တော့ မှမဝေ ..မကြွေတဲ့ ..
သစ်ခြောက်ပင်ကြီးရှိနေလေရဲ့ ...


ခံစားချက်ကိုဓါးသွားတပ်လို့ ....
မားမားဝင့် ဝင့် စင် မြင့် ထက်မှာ..
ပန်းကုံးစွပ်ခံ...သူရဲ ကောင်းဘွဲ့ ..လိုချင်မိပါတယ်.
အဲ့ ဒီကံကြမ္မာရထား ကိုဘယ်ဘူတာကစောင့် ရမလဲ
ချည်ရင်း ငင်ရင်းနဲ့ ...
ကိုယ့် ကိုကိုယ် ပြန်ပျိုးနေမိတာ..


မပြောမပြီး ..မတီးမမြည်တဲ့ ...
ရင်တွင်းဂီတမှာ...
ဘာရစ်သမ်မှမပါဘူး.....
စစ်မှန်သော..ချစ်ခြင်းမေတ္တာအတွက်..
ပါးစပ်က.....ဖွင့် ဟပြောခြင်းကို...
တုန်ခါနေတဲ့ ရင် က...
ခွင့် မပြုဘူး...


ဒီနေ့ ကော ..ဒီလိုပါပဲ...
နေ့ ရက်တွေ ကို သွားကြို...လိုက်ပို့ ..
ဒိုင်ယာရီအဟောင်းထဲ ..စကားလုံးတွေ ကျဲချ..
တစ်ယောက်တည်းညတွေနဲ့ ...
တိမ်တောက်တဲ့ နေ့ တွေထိုင်ကြည့် ...
ယဉ်ယဉ်လေးရူးနေတဲ့ ...ပြက္ခဒိန်မှာ...မှတ်သား..
ခဲခြစ်ရာတွေဟာ...ပြဿဒါးတွေ .ပါပဲ..


ကဲ ..ခင်ဗျားရော..
စည်းတကာ့ စည်းထဲမှာ..ဒီစည်းကျော်ရခက်တယ်ဗျာ..
အဖြူရောင်တွေသုတ်ထားလို့ ..
ဟော..ဒီသံကွန်ချာတွေထဲကကို..
ခံစားချက်..ဖောက်မထွက်နိုင်သေးဘူး


အညိုရောင် မှတ်တမ်းစာအုပ်လေး ..
ကမ်းနဲ့ ဝေးဝေးသွား...
ခံစားချက်တွေ ..စုပေါင်းထုတ်သိမ်း.လို့ 
ရေစာကျွေးလိုက်တယ်..
ထာဝရ ...မျောလွင့် နေပါစေတော့ ..


အိမ်အပြန်မှာ...
အလွမ်းသယ်ချင်နေတဲ့ ..တိမ်တိုက်တွေကို ပန်လာတယ်
ရိုးရိုးရှင်းရှင်းလေးပါပဲ..
ကျွန်တော်
သူ့ ကို
ချစ်
တယ်

ကျွန်တော်
သူ့ ကို
လွမ်း
တယ်



“သက်ဆိုင်သူသာသိပါစေ” လို့ အမည်တပ်ထားတဲ့ ..
စာအိတ် ကလေးကျန်နေသေးတယ်
ဒါလေးတော့ ..
ဝမ်းနည်းမှုအမှတ်တရနဲ့ ..
ကြောက်တတ်တဲ့ ကောင်ရဲ့ ..
ခေါင်းအုံးလေးအောက်မှာ...
နှစ်ပေါင်းများစွာ ဆက်လက်တည် နေပါစေသော်ဝ် ...

ရင်ခွင်ရှိန်း

ခရမ်းရောင် နတ်သမီးနဲ့ အပြိုင်

နာကြည်းမှု မျက်နှာဖုံး ခပ်ပါးပါးလေးပေါ့ .....
လျောခနဲ ..ပြုတ်ကျ....သွားရင်
သူ မတွေ့ ပါစေနဲ့ .......
ခပ်ညံ့ ညံ့ ...ငါ့ ခရမ်းရောင်..တမ်းချင်းလေး....


ဝေးမှသာဝေးရော........
အိမ်မက်တိုင်း...မနက်ဖြန်တိုင်း....ခေတ်အဆက်ဆက်တိုင်း.....
ကောင်းကင်မှာ........
လက်ချင်းချိတ်ဆက်.......
အိမ်မက်တိုင်းရဲ့ ကမ်းနဖူးမှာ...ခြေလေးချကာ....
တိမ်တိုက်လေးပေါ်မှာ.........
ငါ.........အသက်ရှုနေခဲ့ တာပါ.......
တစ်ကယ်တော့ ..ငါဟာရဲတိုက်ဆောက်ချင်နေခဲ့ တဲ့ ကောင်ပါ.....


ကမ်းလင့်တဲ့ လက်တစ်စုံအတွက် ....
ငါ ..မြူခိုးတွေ ..ဝေ..ပြရုံအပြင် ..
ဘာတတ်နိုင်ဦးမှာလဲ.....
မင်း...အစွယ်ပြူးပြူးဘီလူးတွေနဲ့ စစ်ခင်းတဲ့ အခါ...
ငါဟာ ..အရောင်မဲ့ သက်သက် ဖြစ်တာ..သိလိမ့် မယ်...


အပ်ဖျားတစ်ထောက်စာလည်းမဟုတ်ဘူး...
ဟိုး...ဘက်အထိ ..ထိုးသွင်းဒဏ်ရာ...
ပြန်မကောက်နဲ့ တော့ .......
နွမ်းပါးသွားတဲ့ .... ....
အပြာရောင်......သတိရခြင်းတွေ......



လေတိုက်တိုင်းသစ်ရွက်မကြွေတဲ့ သဘောကို....
တတ်သိနားလည်ရဲ့ သားနဲ့ .....
ငါ့ ခြေလှမ်းတွေယိုင်နဲ့ ....
မိုးခါးရေ.ရယ်.......
အားနာပါရဲ့ .......



ငယ်ငယ်တုန်းကကြားဖူးခဲ့ တဲ့ ``နတ္ထိ``.... ဆိုတာ
ဘာလို့ ခုမှ......
ငါ့ ရဲ့ အညိုရောင်...အိမ်ခေါင်လေးပေါ်ခုန်အုပ်.....
ကောင်းကင်ရယ်.....ဆံနွယ်အုပ်တွေဖယ်ပါတော့ ...



အစက်အပြောက်လေးတွေလို...
သေးကွေးစွာနေရင်း......ရက်ရာဇာ အိမ်မက်တွေမက်နေခဲ့ တာ..
အဲဒီလိုနဲ့ ...
ငါ့ နေ့ ရက်တွေ...
မိုးဖွားဖွားလေးတွေ ရွာခဲ့ ပြီ......
မလှောင်ပါနဲ့ ...ပြက္ခဒိန်ရယ်.....



ဖုန်အထူထူ တက်နေတဲ့ ...
ရွှေရောင်မျက်နှာဖုံး တွေကို ကြည့် နေရတာထက်စာရင်....
``လူမိုက်`` ဆိုတဲ့ စကားလုံးကို..
ပန်းဘာသာနဲ့ ..ရေးချင်ခဲ့ တာပါ....
´´မှန်ကန်စွာ မိုက်မဲ ပါရစေတော့ ...´´




ဒီလိုနဲ့ .....
ကိုယ့် ကိုကိုယ်ပြန်ရှာရတော့ ...
အမှိုက်ပုံးထဲ တစ်ဝက်.....ဘုံဆိုင်မှာတစ်ဝက်...
လောက ရဲ့ ဓမ္မသတ် ထုံးကို နားမလည်သရွေ့ ...
တိမ်တိုက်တွေရွေ့ နေတာပဲ မြင်မယ်.....



နောက်ဆုံးတော့ .............
အ၀ါရောင် စာရွက်မျက်နှာတွေလည်း....အက်စစ်ချိုတွေစား..
ခရမ်းရောင်နတ်သမီးရယ်.......
အတောင်ပံ တလွင့် လွင့် နဲ့ ....
ဟော...ဒီမှာ.............
ကိုယ့် တောင်ကုန်းလေးမှာ.........
``အလံ`` စိုက်သွားဦး..........


ရင်ခွင်ရှိန်း