Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS
Reminder: Mg Thet Wai invited you to join Facebook...
facebook
Mg Thet Wai wants to be your friend on Facebook. No matter how far away you are from friends and family, Facebook can help you stay connected.
Other people have asked to be your friend on Facebook. Accept this invitation to see your previous friend requests
Mg Thet Wai
50 friends
Accept Invitation
Go to Facebook
This message was sent to thacwai.whitehearts@blogger.com. If you don't want to receive these emails from Facebook in the future or have your email address used for friend suggestions, please click: unsubscribe.
Facebook, Inc. Attention: Department 415 P.O Box 10005 Palo Alto CA 94303
Reminder: Mg Thet Wai invited you to join Facebook...
facebook
Mg Thet Wai wants to be your friend on Facebook. No matter how far away you are from friends and family, Facebook can help you stay connected.
Other people have asked to be your friend on Facebook. Accept this invitation to see your previous friend requests
Mg Thet Wai
48 friends
Accept Invitation
Go to Facebook
This message was sent to thacwai.whitehearts@blogger.com. If you don't want to receive these emails from Facebook in the future or have your email address used for friend suggestions, please click: unsubscribe.
Facebook, Inc. Attention: Department 415 P.O Box 10005 Palo Alto CA 94303
Reminder: Mg Thet Wai invited you to join Facebook...
facebook
Mg Thet Wai wants to be your friend on Facebook. No matter how far away you are from friends and family, Facebook can help you stay connected.
Other people have asked to be your friend on Facebook. Accept this invitation to see your previous friend requests
Mg Thet Wai
37 friends
Accept Invitation
Go to Facebook
This message was sent to thacwai.whitehearts@blogger.com. If you don't want to receive these emails from Facebook in the future or have your email address used for friend suggestions, please click: unsubscribe.
Facebook, Inc. Attention: Department 415 P.O Box 10005 Palo Alto CA 94303
Check out my photos on Facebook
facebook
Mg Thet Wai wants to share photos and updates with you.
Mg Thet has invited you to Facebook. After you sign up, you'll be able to stay connected with friends by sharing photos and videos, posting status updates, sending messages and more.
View Mg Thet's Photos
This message was sent to thacwai.whitehearts@blogger.com. If you don't want to receive these emails from Facebook in the future or have your email address used for friend suggestions, please click: unsubscribe.
Facebook, Inc. Attention: Department 415 P.O Box 10005 Palo Alto CA 94303
ကို ယ် ပို င် အ ကု သို လ်
င ရဲ ေ တြ ေ တ ာ့ ၾကီ း ကု န္ ေ တ ာ့ မ ယ် ထ င် ပါ ရဲ့
အိ မ်ေ ထာ င် မ ပြု ပဲ သား သ မီး လို ချ င် တဲ့ေ ရာ ဂါ က
သိ သိ သာ သာ ဆိုး ရွား လာ တ ယ်
ရ ေ သ့ စိ တ္ ေ ျဖ ေ ပါ့
ေ က် ာ င်း ဆ ရာ ဘ ၀ မှာ
အိ မ် မ က် ေ တြ ပဲ့ ပဲ့ က် လ ာ
အ ေ ဖ...
က် ေ နာ့် ရွှံ နွား ရု ပ် ေ လ း မွ ာ ဘို ႔ပါ မ လ ာ ေ တ ာ့ ဘူ း ။ ။
  - ေ မ ာ င် မိုး မြ င့်
၎.၉.၂၀၁၀
ဒဏ်ရာဆိုတဲ့အလင်းရောင်သေးသေးလေးတွေ ကျနော့်မှာ ရှိတယ်
၂၀၀၇ဒီဇင်ဘာလတုန်းက ကျနော့်မှာ အနီရောင်မြို့လေးတမြို့ရှိတယ် ။ လက်ထဲမှာကျစ်ကျစ်ပါအောင်ဆှုပ်ထားတဲ့ ပိုက်ဆံအနွမ်းလေးကြောင့် အနည်းငယ်လူရာဝင်ခဲ့တယ် ။ အိမ်ရဲ့မျက်စောင်းထိုးမှာ ဘယ်သူ စိုက်ထားခဲ့လဲမသိတဲ့ ပိတောက်ပင် ရှိတယ် ။ ဒါနဲ့ပဲ …ကျနော့်ရဲ့လူမှုနယ်ပယ်ဟာ အတိုင်းအတာ တခုထိ စိုစွတ်ခဲ့ရတယ် ။ မျိုးရိုးဗီဇ တခုက ဖြစ်ရိုးဖြစ်စဉ် နယ်နမိတ်တွေ ပိုင်းခြားထားခဲ့…  ။ ပြီးတော့ …လူဆန်တဲ့ရာသီတွေ ခဏခဏ ပျက်သုန်းသွားကြတယ် ။ ဟုတ်ပါတယ် ။ ကျနော်တို့မျိုးရိုးက အရူးမျိုးရိုးပါ ။ နမိတ်ပုံတွေ ထပ်နေတဲ့ ကဗျာတပုဒ်လိုပဲ ဒီအသုံးအနှုန်းတွေနဲ့ ကျနော် နဲ့ ပိတောက်ပင် နဲ့ ၂၀၀၇ဒီဇင်ဘာလ နဲ့ အနီရောင်မြို့လေးနဲ့ ယဉ်ပါးလာခဲ့ကြတယ် ။ ခရမ်းရောင်ပန်းလေးတွေကို လက်ထဲမှာ ကိုင်ထားတက်တဲ့ အမည်မသိတဲ့ ကောင်မလေး တယောက်ကို ခရမ်းရောင်ပန်းလေး လိုက်ပေးဖြစ်တယ် ။ ဒါမဲ့ .. သူမ မယူသွားခဲ့ဘူး ။ သူမမျက်လုံးက ကွန်မြူနစ်ဆန်တယ် ။ ခပ်ပါးပါးလေး သူမ လှည့်ထွက်သွားခဲ့…..။ ကျနော်တို့ အနီရောင်မြို့လေးမှာ လျှပ်စစ်မီး မရှိဘူး ။ အဲ့ဒါကြောင့် သူမ အိမ်ကို ကျနော် မသိဘူး ။ ရပါတယ် ။ လူနှစ်ယောက် ချစ်ကြိုက်တဲ့ ကိစ္စမှာ လိင်ကိစ္စမပါလဲ ဘာမှ ပြဿနာမရှိပါဘူး ။ ယောင်္ကျားတယောက်က သားအိမ်ထည့်ပြီး ကလေးမွေးတဲ့ သတင်းကြားပြီးသွားတော့ လူ့အခွင့်အရေးဆိုတာကို ကျနော် သေချာစဉ်းစားဖြစ်တယ် ။ အရေပြားတထောက်စာ ဆန္ဒတွေ ကြောင်း ပြောပြတော့ သူမက ခရမ်းရောင်ပန်းလေး အစား ကျနော့်ကို လုံးချေပစ်တယ် . ခဏပါပဲ သူမ နဲ့ ကျနော်ကြားက ယဉ်ကျေးမှုက အဆင့်အတန်း သိပ်မြင့်တယ် ။ ဟုတ်ပါတယ် ကျနော်တို့မျိုးရိုးက အရူးမျိုးရိုးပါ ။ သူမ ကို ၀န်ခံခဲ့တယ် ။ ပိတောက်ပင်မှာ ပိတောက်ပန်းမပွင့်တော့ဘူး ။ အဲ့ဒါကို သူမ မသိဘူး ။ အကြမ်းဖတ်ဝါဒီတွေက ထောက်ပံ့မှု လုံလုံလောက်လောက် ရှိတယ် ။ သူတို့ရဲ့ဘာသာတရားက သူတို့ကို ကောင်းချီးပေးတယ် ။ ကျနော် တီဗွီကို ပိတ်ပစ်လိုက်တယ် ။ မလိုအပ်တဲ့ သဘောတရားတွေက ကျနော် မရှိလဲ တည်ရှိနေဦးမှာပဲလေ…။ သက်ပြင်းချတယ် ။ ကျနော် မအိပ်တော့ဘူး ….။ အမည်မသိတဲ့ကောင်မလေးရဲ့နာမည်ကို ကျနော် သိလိုက်ရတော့လည်း အနီရောင်မြို့ပြက ဒီအတိုင်းပဲ ။ ၂၀၀ရ ဒီဇင်ဘာလမှာ မိုးရွာတာတခုကလွဲရင် ကျနော့်လက်ထဲက ပိုက်ဆံအနွမ်းလေးလည်း တဖြေးဖြေးကျဉ်းမြောင်းလာတယ် .။ အိမ်သေးသေးလေးမှာ မိသားစုတွေ စုနေသလိုပဲ တနေ့နေ့ပြဿနာဟာ ထိုးဖေါက်ဝင်ရောက်လာမှာကို သိပေမယ့်လည်း ကျနော် ညတွေကို မအိပ်တော့ဘူး ။ ထူးအိမ်သင်ဟာ ကျနော့်ရဲ့ဘုရားသခင်ဖြစ်ကြောင်း သူမကို ပြောပြဖြစ်တယ် ။ လက်မခံချင်တဲ့ အရိပ်အရောင်တွေ တွေ့ရပေမယ့် သူမ နှုတ်ဆိတ်နေခဲ့…..။ ကျနော့်အဖေ အရူးကြီး ကွယ်လွန်တဲ့နေ့က ကျနော်ရယ် ၊ လူနည်းစုရယ် အသုဘချတယ် ။ ဂီတပညာရှင် မိုးဇက် ထက်တော့ ကျနော့်အဖေ ကံကောင်းပါတယ် ။ သူမက ကျနော့်ကို ရီပြီး ကျနော်က နည်းပညာတိုးတက်မှုကို ရီနေခဲ့…..။ ဘယ်သူ့ကိုမှ မပြောပဲ ကျနော် အနီရောင်မြို့လေးက ထွက်ခွာခဲ့တယ် ။ လက်ထဲက ခရမ်းရောင်ပန်းလေးကို ကျနော် ဆှုပ်ကိုင်ထားခဲ့တယ် ။ ကျနော့်ရဲ့နေရာသစ်မှာ လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတယ်။  ကျနော့်အိမ်ရှေ့မှာ ပိတောက်ပင်စိုက်မယ်လို့ စိတ်ကူးထားတယ် ။
ဘယ်အချိန်ထပေါက်မယ် မသိတဲ့ ဗုန်းတလုံး ကိုင်ထားရသလိုပဲ ။ အနီရောင်မြို့လေးမှာ ဘယ်တုန်းကမှ ကျနော် လူရာမ၀င်ခဲ့ပါဘူး..။ ကိုယ့်ကိုကိုယ် မိုးအဖြစ်ရွာသွန်းပြီး အမှန်တရားကို ငြင်းပယ်ခဲ့တယ် ။ ခရမ်းရောင်ကောင်မလေးရဲ့အသက်တ၀က်မှာ တော့ ကျနော်ဟာ သစ်တောတခုလိုပဲ (သူမ အဲ့လိုထင်လိမ့်မယ်) ။ ရုတ်တရက် ကျနော်စဉ်းစားမိတာ က ကျနော် မအိပ်ဖြစ်တဲ့နေ့တွေ အရမ်းများနေပြီဆိုတာပဲ  ။ နားထဲက စကားပြောသံလိုလို ကျနော် ကြားတယ် ။ နောက်ပိုင်း ကျနော် ပိုရယ် ဖြစ်လိမ့်မယ် ။ ဒိုင်ယာရီထဲမှာ ရာစုဟာ ၂၀၀၇ ဒီဇင်ဘာလ ကနေ ရှေ့ဆက်မတက်တော့ဘူး ။ ကျနော် စာကောင်းကောင်းရေးတက်သေးတယ် ။ ခရမ်းရောင်ကောင်မလေးက ကျနော့်ကို ဓာတ်မီးလေး တခုလက်ဆောင်ပေးထားတယ် ။ ကျနော် နေရာ နောက်တခု ထပ်ရောက်သွားတယ် ။ ကျနော့်လိုလူတွေ အများကြီးပဲ ။ ကျနော့်မှာ ပိုက်ဆံအနွမ်းလေး မရှိတော့ဘူး ။ ဒါပေမယ့်…ကျနော် အခုတော့ တကယ်လူရာဝင်ပြီ ။
ကျနော် ပိတောက်ပင်ကို ငေးကြည့်နေတုန်း လူတချို့ သံတခါးကြီးကို ပိတ်လိုက်ကြတယ် ။ ဘ၀တခုအတွက် ကျနော့်ကိုယ်ကျနော် စာလှမ်းရေးတယ် ။ ဟုတ်ကဲ့…ကျနော် အရူးမျိုးရိုးပါ ။ ခရမ်းရောင်ကောင်မလေးကို ၂၀၀၇ ဒီဇင်ဘာလအတွက် အကောင်းဆုံးဇတ်ပို့ဆုပေးပြီး ကျနော့်ကိုကျနော် လုံခြုံအောင် သော့ခတ်ပစ်လိုက်တယ် ။  ။ ။
 အေးချမ်း
နာမည်အများကြီးနှင့်လူ
နာမည်အများကြီးနှင့် လူ (ဝတ္ထုတို)
အိမ်ရှေ့တံခါးကို ဖွင့်ပြီးကာမှ သူခေါင်းမဖြီးခဲ့ရသေးမှန် ပြန်သတိရသွားသည်။ ကိုယ်လုံးပေါ်မှန်ချပ်ရှေ့သို့ ပြန်လည်ရောက်သွားကာ ဆံပင်တို့ကို အနေအထားတစ်ချို့ ပြောင်းလဲသွားစေရန် ကြိုးစားကြည့်မိသည်။ ဘယ်ဘက်သို့ ခွဲကြည့်၏။ ညာဘက်သို့... နောက်... အလယ်တည့်တည့်မှနေ၍ ဘေးဘီဝဲယာချကြည့်၏။ သူအိမ်ရှေ့တံခါး ဖွင့်ထားခဲ့သည်။ အနောက်သို့တောက်လျှောက် လှန်ဖီးကြည့်ပြန်သည်။ စိတ်တိုင်းမကျသေး။ အမှန်ဆို ခေါင်းဖြီးဖို့ရန် မေ့ခဲ့ပြီးမှ အိမ်ရှေ့တံခါးကို ဖွင့်မပစ်လိုက်သင့်။ အရှေ့သို့ချ၍ ဆံစများကို ဟိုဟိုဒီဒီ လွှဲဖယ်သွားအောင် ကြိုးစားကြည့်၏။ နောက်ဆုံးမှာတော့... ဆံပင်ဆက်မဖြီးတော့ပဲ သူ၏တစ်လုံးတည်းသောဦးထုပ်ကို တွေ့ကရာယူလိုက်၍ ခပ်ငိုက်ငိုက်ကွယ်ကာဆောင်းလျှက် ဖွင့်ထားခဲ့လေသော အိမ်ရှေ့တံခါးမှ ထွက်လာလေသည်။
မြို့ပျက်ကြီးကတော့ လမ်းမပေါ်မှလူတွေကို အံ့တင်းထွေးငုံထားဖို့ကြိုးစားရင်း ကမျောကသော ထိုးရယ်နေသည်။ သူဖွင့်ချလိုက်သော အိမ်ရှေ့တံခါးပေါက်မှ ထိုရယ်သံများ တိုးဝင်လာခဲ့ဖူးလေသလား။ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဖြစ်သည်ထက် မျက်နှာကိုပါမမြင်ရနိုင်တော့လောက်အောင် ခေါင်းငုံ့ဆွဲချကာ ဆက်လျှောက်လာခဲ့သည်။ ဆက်လျှောက်လာသည်။ သူ့မျက်နှာကို လူတွေမမြင်ရတော့ခြင်းကိစ္စတစ်ခုအတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေလေသည်။ မြို့ပျက်ကြီးက သူ့ကိုထွေးငုံထားလိုက်မှာစိုးသဖြင့် သူငယ်ချင်းဖြစ်သူ မိုးနွယ်ထံ အရောက်သွားဖို့ စိတ်ကူးတစ်ခုရလာသည်။ သူဆောင်းထားသော ဦးထုပ်၏အောက်မှ ဦးနှောက်ထဲက ထိုစကားထွက်ကျလာပါသည်ဆိုလျှင် မြို့ပျက်ကြီးက ရယ်မောနေပေဦးမည်။
“ဒေါက်... ဒေါက်... ဒေါက်...”
သူကတော့ ထိုတံခါးမကြီးကို ခေါက်တတ်သလိုသာ ခေါက်ချလိုက်ခြင်းဖြစ်သည်။ သူ့နားထဲမှာတော့ ထိုမျှလောက်သော တံခါးခေါက်ချက်တို့ကို ကြားမိရသည့်အတွက် ဦးထုပ်ကိုအပေါ်သို့ ဆွဲမတင်လို။ အိမ်ရှည်ကြီးထဲမှ စကားသံထွက်ပေါ်လာသည်။
“ရင်နွမ်းလား၊ဝင်ခဲ့လေကွာ ဟေ့ကောင်...”
မိုးနွယ်ဆိုသည့်ကောင် သူ့နာမည်ကို ရှေ့နောက်မှားခေါ်သည်မှာ ဒါပါနဲ့ဆို (၆၉၅၅)ခေါက် ရှိသွားပြီဖြစ်သည်။ ကဗျာဆရာဖြစ်ဖို့ ကြိုးစားနေသည်ဆိုသော မိုးနွယ်မှာ ခပ်ကြောင်ကြောင်ဟာသများ မကြာခဏပြုလုပ်တတ်သူဖြစ်၏။ သူသည် စုံထောက်ဝတ္ထုများကို မဖတ်ရှုဖူးချေ။ ဒီအချိန်ဆို သူလာမည်ကိုကြိုသိနေသည်မှာလည်း ဟိုတစ်နေ့က ဖုန်းကြိုဆက်ထားခဲ့၍လည်း ဖြစ်နိုင်သည်။ ဖုန်းပြောနေကြရင်းက သူ့နာမည်ကို (၆၉၅၄)ခေါက်မြောက်အထိ ရှေ့နောက်မှားခေါ်ခဲ့သည်။ တံခါးကို ခပ်မြန်မြန်ဖွင့်၊ခပ်မြန်မြန်အတွင်းသို့ဝင်၍ ခပ်မြန်မြန်ဆောင့်ပိတ်လိုက်သည်။ ရာသီဥတုအေးလွန်းသဖြင့် မဟုတ်ပါ။ မြို့ပျက်ကြီး၏ ပေတီးပေစုတ်ရယ်သံများ အိမ်ထဲထိပါလာမည်စိုးသဖြင့်ဖြစ်သည်။ သူဦးထုပ်ကို ခေါင်းငုံ့ငိုက်စိုက် ဆောင်းထားဆဲ...။
အိမ်ရှည်ကြီး၏ တစ်ခုတည်းသော အခန်းထဲမှာတော့ မိုးနွယ်ထိုင်နေသည်။ စာရေးစားပွဲခုံပေါ်တွင် အကျအနထိုင်နေခြင်းဖြစ်သည်။ ဆောင်းထားသောဦးထုပ်ကို ချွတ်လှန်လိုက်သည့်အခါ သူ့ဆံပင်ပုံစံမှာ မည်ကဲ့သို့ဖြစ်နေမည်နည်း။ အိမ်ထဲမှာ သူတို့နှစ်ယောက်တည်း ရှိနေကြသည်။ သူဝင်လာစဉ်က အိမ်ရှေ့တံခါးကို ပြန်ပိတ်ထားခဲ့သည့်အတွက် ရယ်သံတို့တိုးဝှေ့ဝင်လာစရာ အကြောင်းမရှိနိုင်တော့။ ဦးထုပ်ကို အနည်းငယ်မျှသာ ပင့်မတင်လိုက်၍ မိုးနွယ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ အခန်းထဲတွင် ကိုယ်လုံးပေါ်မှန်မရှိပါ။ မိုးနွယ်ကတော့ ဆေးပေါ့လိပ်ကိုခဲလျှက် ကဗျာရေးနေသည်ဟု နောက်ပိုင်းသူ့စကားအပြောအဆိုများအရ သိရလေသည်။
လူသိနည်းပါးလှသော လူငယ်ကဗျာဆရာနှင့် သိကျွမ်းခဲ့ကြသည်မှာ ဟိုးငယ်ငယ်လေးကတည်းကဖြစ်၏။ ထိုသို့သိကျွမ်းခဲ့ချိန်မှ၍ သူ့နာမည်မှာ ရှေ့နောက်မှားခေါ်ခြင်းကို အမြဲလိုလို ခံခဲ့ရသည်။ (တစ်ခါတလေတော့ မှန်ပါသည်။) ခပ်ကြောင်ကြောင်ဟာသတစ်ချို့ကို မကြာခဏပြုလုပ်လေ့ရှိသော မိုးနွယ်မှာ ဆေးပေါ့လိပ်ကိုခဲလျှက် ကဗျာရေးနေတုန်းပင်ဖြစ်၏။ အမှန်ဆို အသက်ဒီလောက်လေးနှင့် ဆေးပေါ့လိပ်သောက်နေမည့်အစား အပြင်းစားယမ်းမှုန့်အပြည့်ပါသော ဒိုင်းနမိုက်တစ်လုံးကိုသာ ကိုက်ထားဖို့ သူသဘောတူနေမိသည်။ သတို့နှစ်ယောက်လုံး (၄)တန်းကို နှစ်ခါစီကျခဲ့ကြဖူး၏။ အကယ်၍ မိုးနွယ်သာ ဒိုင်းနမိုက်ခဲထားမည်ဆိုလျှင် သူ... သူ့ကို ကျစ်ကျစ်ပါအောင်သိုင်းဖက်လျှက် မီးညှိရှိုက်ဖွာခိုင်းမည်မှာ အဖြစ်မှန်တစ်ခုပင်ဖြစ်သည်။
“ရင်နွမ်း... ထိုင်ဦးကွာ၊ခဏလေး... ငါဒီကဗျာလေးပြီးအောင် ဆက်ရေးလိုက်ဦးမယ်”
(၆၉၅၆)ခေါက်... ။
“ရင်နွမ်း... ကော်ဖီဖျော်သောက်ချင်သောက်လေကွာ၊မင်းကြည့်ရတာ ချမ်းနေသလိုပ”ဲ
(၆၉၅၇)ခေါက်... ။
“ရင်နွမ်း... မင်းဒီလိုပဲ ခဏနေရင်နေဦးကွာ၊ဒီကဗျာလေးပြီးအောင်တော့ ငါဆက်ရေးလိုက်ဦးမယ်၊ကျေးဇူးပြီးတော့... ဂစ်တာတော့ မတီးပါနဲ့ကွာ၊ရင်နွမ်း... နော်...”
..... ။
ထိုကဲ့သို့သော စကားအခွန်းပေါင်း မြောက်မြားစွာတို့နှင့် (၈)ကြိမ်ခန့်နာမည်မှားယွင်းခေါ်ဝေါ်နေသည်ကို စိတ်လက်မကြည်သာစွာ ရိုးရိုးအီအီစောင့်ဆိုင်းနေခဲ့ရသည်။ အခန်းထဲမှာတော့ ဂစ်တာမရှိ ရှိလိုရှိငြားလိုက်ရှာကြည့်သောအခါ ပြတင်းပေါက်ဘောင်ပေါ်တွင် အလျားလိုက်တင်ရှိနေသော အနီရောင်ဒိုင်းနမိုက်တစ်လုံးကိုသာ သွားတွေ့လေ၏။ ပြတင်းပေါက်အပြင်ဘက်မှာ နှင်းတွေကျဆင်းမနေပါ။ လိုလိုမယ်မယ် အိတ်ကပ်ထဲက မီးခြစ်ကိုတော့ စမ်းသပ်ထားလိုက်မိ၏။
မိုးနွယ်က ဆေးပေါ့လိပ်ကို ပါးစပ်အတွင်းမှ ဖြုတ်ထုတ်လျှက်...
“ဒီလိုကွ... နွမ်းရင်ရ၊မင်းမလာခင်လေးတင်ကပဲ ငါဖီးလ်တက်လာလို့ ကဗျာထိုင်ရေးနေလိုက်တာ”
ခေတ္တမျှစဉ်းစားဟန်ပြုပြီးမှ ဆက်ပြောသည်။
“မင်းလည်း သိတဲ့အတိုင်းပဲ ရင်နွမ်းရာ၊ငါက ကဗျာရေးနေရရင် ကိုယ့်အခင်ဆုံးသူငယ်ချင်းကိုတောင် ဂရုမစိုက်နိုင်တော့ဘူးဆိုတာ”
သူတို့နှစ်ယောက်စလုံးမှာ မိဘမသိသူများ ဖြစ်လာခဲ့ကြပါသည်။
“ဒီကဗျာက ဘာအကြောင်းလဲဆိုတော့ လူငယ်ဘောလုံးသမားလေးတစ်ယောက်ရဲ့ သူ့ဘောလုံးအသင်းပေါ်ထားတဲ့ စေတနာစိတ်အကြောင်းကို ရေးပြထားတာ၊ပြီးတော့ ငါ... ငါးသုံးကဗျာဆိုက်ဒ်အပေါ်မြင်တဲ့ဟာတွေကို အသွင်ပြောင်းပြီး ရေးချထားတာပေါ့ကွာ”
“မင်းအဲဒီကဗျာကို ဘိသိက်လို့ နာမည်ပေးသင့်တယ်”
“ဘိသိက်... အေး...မဆိုးဘူးကွ၊အဲ... မဆိုးဘူးဆိုတာထက် တော်တော်လေးလတ်တဲ့နာမည်ပဲ၊ကျေးဇူး... ကျေးဇူး... ရင်နွမ်းရာ”
(၆၉၆၅)ခေါက်... ။
“ဒါနဲ့... ငါမေးစမ်းပါရစေဦး မိုးနွယ်၊မင်းတွဲနေတဲ့ ကောင်မလေးတွေ ဒီအိမ်ကို မလာကြတော့ပြန်ပါလား၊ဘယ်လိုဖြစ်တာလဲ”
“အဲဒီကောင်မလေးတွေအကြောင်း နောက်မှအေးအေးဆေးဆေး ပြောပြမယ်ကွာ၊မင်းရော ဘောလုံးကန်သေးလား၊မြို့နယ်လူရွေးပွဲရှိတယ်ဆို”
“အသင်းကနေ ငါထွက်လိုက်ရပြီကွ၊ဟိုတစ်နေ့က ထရိန်နင်ဆင်းနေတုန်း နည်းပြရဲ့မိန်းမရောက်လာပြီး သြဝါဒတွေလာခြွေနေတာနဲ့ ငါပြန်အော်ပြောလိုက်မိတယ်၊မြို့နယ်လူရွေးပွဲမှာပါ ငါ... Black list လုပ်ခံလိုက်ရတယ်”
“သြော်...ဒီလိုလား၊ငါဝမ်းနည်းပါတယ် ရင်နွမ်းရာ၊လာကွာ... လက်ဖက်ရည်ဆိုင်သွားကြရအောင်၊နောက်နာရီဝက်လောက်နေရင် ငါးသုံးကလူတစ်ချို့ အဲဒီကိုရောက်လာကြလိမ့်မယ်”
မိုးနွယ်၏စကားဆုံးသောအခါ သူဦးထုပ်ကို ခပ်ငိုက်ငိုက်ပြန်ငုံ့ဆောင်းလျှက် မိုးနွယ်ဖွင့်ပေးသော တံခါးမှနေ၍ လမ်းမပေါ်သို့ ထွက်လာခဲ့ရပြန်လေသည်။ မြို့ပျက်ကြီးကတော့ သူတို့နှစ်ယောက်ကို မသတီစရာအပြုံးမျိုးနှင့် ကြည့်နေလေ၏။ သူမိုးနွယ်ကို လက်လှမ်းတို့လိုက်ပြီး ခပ်ကုန်းကုန်းအနေအထားဖြင့် လက်ဖက်ရည်ဆိုင်ရှိရာသို့ ခပ်မြန်မြန်လျှောက်လာခဲ့လေတော့သည်။
'ထွေးခံ'လက်ဖက်ရည်ဆိုင်၏ ပေါ့ဆိမ့်အရသာကို သူတို့အကြိုက်ဆုံးဖြစ်၏။ နာရီဝက်ကျော်သည်အထိ ထိုင်ပြီးနေရသည့်အထိတိုင် ငါးသုံးကဗျာဆိုက်ဒ်ကလူ တစ်ဦးတစ်ယောက်မှ ရောက်ရှိမလာသေး။ မိုးနွယ်ကတော့ သူ့ဘိသိက်ဆိုသည့်ကဗျာကို ခပ်တိုးတိုးရွတ်ဖတ်ကြည့်နေလေသည်။ ကဗျာဆုံးသွားတော့ စိတ်သိပ်မရှည်တော့သည့်လေသံဖြင့်
“သူတို့ကလည်း နောက်ကျလိုက်တာကွာ”
'ကွန်နက်ရှင်ကျနေလို့ ဖြစ်မှာပဲ'ဟု မိုးနွယ်က ခပ်တိုးတိုးဆက်ညည်း၏။ သူ... လိုက်မရယ်မိ။ ဦးထုပ်ကို ငိုက်သည်ထက်ငိုက်အောင်သာ ဖိမဲဆောင်းနေမိသည်။
..... ။
“ရင်နွမ်း... အခုတတော ငါ... Performance တစ်ခုလောက် အရမ်းလုပ်ကြည့်ချင်နေတယ်၊ဘာလုပ်လို့လုပ်ရမယ်မှန်းလည်း မသိဘူး”
“ငါ့မှာအကြံတစ်ခု ရှိတယ်၊ဓာတ်ပုံရိုက်မယ့် ကင်မရာကောင်းကောင်းတစ်လက်ရှိရင် ရပြီ”
ထိုစကားတို့ကို ပြောလိုက်ချိန်တွင် သူ့အိတ်ကပ်ထဲမှမီးခြစ်ကို မွတ်သိပ်စွာ ဖိသပ်စမ်းကြည့်မိ၏။ မြို့ပျက်ကြီးက ကစဥ့်ကလျားထိုးရယ်ပြန်၏။ မိုးနွယ်ကသူ့ကို မယုံကြည်နိုင်စွာဆိုသလို ကြည့်သည်။ သို့သော်...
“ကင်မရာက ငါ့အိမ်မှာ အခုရှိသားပဲ၊မင်းဘယ်လိုလုပ်မှာလဲ”
“အဲဒါဆို မင်းအိမ်ပြန်သွားရအောင်၊ဓာတ်ပုံသုံးပုံလောက် ရိုက်ရုံပဲဟာ၊ဘယ်လောက်မှလည်း မကြာလောက်ပါဘူး၊သွားရင်းနဲ့လမ်းမှာ ငါပြောပြမယ်လေ၊ပြီးတော့မှ... ဒီကိုတစ်ခေါက် မင်းဘာသာမင်း ပြန်လာတော့ပေါ့”
သူတို့နှစ်ယောက် မိုးနွယ်ရဲ့အိမ်ဆီကို အပြေးပြန်လာကြပြန်သည်။ ဒီတစ်ခေါက်တော့... သူကိုယ်တိုင် တံခါးခေါက်စရာမလိုတော့...။ မြို့ပျက်ကြီးက သူတို့ကို နာကျည်းစွာရှိုက်မြိုခြင်း မပြုပစ်သေးသည်က အလွန်ကံကောင်းနေသော အချက်တစ်ချက်ဖြစ်သည်။
..... ။
..... ။
..... ။
ရပြီ။ ကင်မရာကို လိုအပ်သလို ချိန်ပြီးသွားပြီ။ သူဦးထုပ်ကို ထပ်မံငိုက်ကျသွားစေရန် ပြုပြင်ဆောင်းလိုက်သေး၏။ ဓာတ်ပုံထဲတွင် သူ့မျက်နှာ မပါဝင်လိုချေ။ အင်းလေ...ပါစရာကိစ္စလည်း မရှိတော့ပါဘူး။ ခဏနေ... ကင်မရာမီးဖျတ်ခနဲလင်းတာနဲ့ မိုးနွယ်ပါးစပ်ထဲထည့်ထားတဲ့ ဒိုင်းနမိုက်စနက်တံကို မီးရှို့ချလိုက်မည်။ ကင်မရာ၊သူတို့နှစ်ယောက်အပြင်... မြို့ပျက်ကြီး၏ ဗိုက်ခေါက်တစ်နေရာဖြစ်သော ဤအိမ်ရှည်သည်လေလည်း အစအနပင်မကျန်အောင် အားလုံးလွင့်စင်ပျောက်ကွယ်သွားရမည်ဖြစ်သည်။ ငါးသုံးကဗျာဆိုက်ဒ်မှလူများ ထိုဓာတ်ပုံကို တွေ့မြင်နိုင်စရာအကြောင်းတရားမရှိတော့နိုင်ခြင်း အဖြစ်အပျက်အတွက်တော့ သူအားနာနေမိသည်။
တစ်... ။
နှစ်... ။
သုံး... ။
!
ဖျတ်ခနဲကင်မရာထံမှ မီးပွင့်ကိုတွေ့ရသည်နှင့် သူ့ညာဘက်လက်ထဲမှ မီးတောက်တစ်ခုက မိုးနွယ်ကိုက်ခဲထားသော ဒိုင်းနမိုက်စနက်တံငယ်ဆီသို့ ရွေ့ရွေ့လျောလျော ကူးစက်လောင်မြှိုက်ပြီးသွားပြီင်္ဖြစ်သည်။ မြို့ပျက်ကြီး၏ ဝါးလုံးကွဲရယ်သံပုပ်အဲ့အဲ့မှတစ်ပါး တခြားဘာမှထူးခြားသွားခြင်းမရှိသည်ကို တွေ့မိရသည့်အခါ သူ... မိုးနွယ်၏ပါးစပ်ဆီသို့ ကမျောကသော စူးကြည့်လိုက်မိသည်။ သူ့ဘဝတစ်လျှောက် စိတ်ပျက်စရာအကောင်းဆုံး ညည်းညူသံတစ်ချက် ထွက်လာသည့်အချိန်တွင် မိုးနွယ်ကိုက်ခဲထားသော (သူထင်သည့်) ဒိုင်းနမိုက်မှာ ညစ်စုတ်စုတ် အနီရောင်ဖယောင်းတိုင်တစ်တုံးဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။ ထိုနေ့မနက်က ရာသီဥတုအလွန်အေးလွန်းလှသည့်အတွက် ငါးသုံးကဗျာဆိုက်ဒ်ကလူများ လက်ဖက်ရည်ဆိုင်သို့ နာရီအနည်းငယ်နောက်ကျပြီးမှ ရောက်ရှိလာခဲ့ကြကြောင်းကို နောင်အခါတွင်... မိုးနွယ်ကသူ့ကို ပြန်လည်ပြောပြခဲ့လေသည်။ ။
လင်းထက်အောင်
ပိတ်ထားသမျှဟာဖွင့်ရန် (မဟုတ်) ဖြစ်သည် ။ ။
ပိတ်ထားသမျှဟာဖွင့်ရန် (မဟုတ်) ဖြစ်သည် ။   ။
..................................................................
ဒီကိုယ်ဝန်ဟာ ငါနဲ့ သွေးရိုးသားရိုးရတာမဖြစ်နိုင်ဘူး
(ကဗျာဆရာဟာ ပထမစာကြောင်းမှာ အခုလိုငြင်းဆန်ပါတယ်)
(မ)သိချင်စိတ်   က/ဖြင့်   -  ဖွင့်/ပွင့် ထွက်သွား
သရိုးသရီ ၊ ဇိုးဇိုးဇပ်ဇပ် ၊ အစိမ်းကြီး ၊ ဆပ်ဆလူး ၊ ဇိကပ်နေ ၊ဇင်ယော်တောင်မျက်လုံး
(ကဗျာဆရာဟာ ငြင်းဆန်ပါတယ်)
အခြေအနေကိုသုံးသပ်စိတ်ဟာ အချိန်အခါ အထိုက်အလျောက် ရှိ/မရှိ
သိုဝှက်မှု မရှိကြောင်းပြသရန် သင့်တွင် လတ်လတ်ဆတ်ဆတ် ခင်းကျင်းမှု လိုအပ် - (၍)
သူက စားတယ် ၊ သူ ကစား တယ် ၊သူ ကစား ရင်း စားတယ် ၊ သူက စားရင်း ကစားတယ်
ကလေးတွေတောင် တတ်/တက် တယ် ၊ လူ ကြီးတွေလည်း တောင် တက်/တတ် တယ်
(ကဗျာဆရာဟာ လက်ခံမှုအားငြင်းဆန်ပါတယ်)
ကဗျာဆရာ အား ကြည့်ပြီး ရယ်ကြပါတယ် ၊ ကဗျာဆရာ က/ကို ရယ်တာ ကို ကြည့်ပြီးနေ (ရ)တယ်
၁။ ပဋိပက္ခအား ပုံစံ ကွဲ-လွဲ-မှုအသွင် နှင့်ကြည့်ရန် ။
၂။ အနက်ပြန်မှု (၀ါ) အနက်ဖြန့် ကျက်မှု ။
၃။ အသွင်ဆောင်မှုအား အမြင်နှင့် ထိစပ်ရန် ။
၎။ ပမာဏ အား ပဏာမအဖြစ် ဆန့် ကျင်ရန် ။
(ကဗျာဆရာဟာ ငြင်းဆန်ပါတယ်)
မျိုးရိုးဗီဇ နှင့်ဆိုင်သော ဦးခေါင်းများရောင်းဝယ်ရေး ၊ သဘာဝလွန်များ၊သမ္ဘာများ၊ လွန်များ ၊ သလွန်များ
ဆင့်ကဲဖြစ်စဉ် သည် ကွင်းဆက်တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျှက် ရှိ  - (၍)
ကွင်းဆက်များ ချိတ်ဆက်လျှက်ရှိခြင်း သည် ဖြစ်စဉ်တစ်ခု (၀ါ)
တစ်ခုထက်ပိုသော ဆင့်ကဲမှုများဖြစ် (နိုင်) သည်
(ကဗျာဆရာဟာ စကားလုံးများအား ငြင်းဆန်လိုက်ပါတယ်)
အကြမ်းဖက်မှုမရှိတဲ့ ဆန့် ကျင်မှုဟာ မွန်မြတ်တယ်
ရှိသည် ၊ ဖြစ်သည် ၊ မရှိမဖြစ် ၊ရှိလည်းဖြစ်သည်၊ မရှိလည်းဖြစ်သည်။ အရှိ ဖြစ်သည် ။
ထင်လို့ ပါ မ၀င်ဘူး ကျောင်းအစ်မရဲ့ (စကားသံအဖြစ်ပြောင်းလဲမှု)
ထင်သာထင် မ၀င်ဘူး ကျောင်းအစ်မ (မှုရင်းအဆို)
ဘာမှမမေးရင် ဘယ်လိုလိမ်ညာမှုမျိုးမှ ဖြေဆိုနိုင်လိမ့်မည်မဟုတ် !!!
အတွေးအခေါ်သည် မည်သည့်အပေါ်တွင်အခြေခံသနည်း။ (မေးခွန်းပုံစံ)
(ကဗျာဆရာဟာ ခေါင်းခါယမ်းပါတယ်)
ရှင်းလင်းချက်။    ။ ခေါင်းခါယမ်းသည်မှာ တစ်စုံတရာအား
လက်မခံခြင်းသော်လည်းကောင်း ။ မဖြစ်တန်ရာဟုသော်လည်းကောင်း၊နားမလည်ပေးနိုင်သည်ကိုလည်းကောင်း၊
လက်ခံခြင်းမှာမဖြစ်နိုင်ဟုသော်လည်းကောင်း ... လည်းကောင်း ... လည်းကောင်း.......
ဖြည့်စွက်ရန် ။    ။ သင်ထင်သမျှကို ဆက်လက်ဆွေးနွေးပါ ။
ခံစားမှုပြပုဒ် ၊ အသုံးအနှုန်းကျစ်လစ်မှု ၊ နိမိတ်ပုံ ၊လှုမှုဝန်းကျင်ဆိုင်ရာများ ၊ သမိုင်းကြောင်း
(ကဗျာဆရာဟာ ထိုမျှအထိငြင်းဆန်ပါတယ်)
ကဗျာဆရာ ဘယ်မှာလဲ ။
ကဗျာဆရာရှိခြင်းကို ငြင်းဆန်ပါတယ် ။
ကဗျာဆရာဟာ ကဗျာကို ငြင်းဆန်ပါတယ် ။
ကဗျာဟာ ကဗျာဆရာရှိခြင်းကို ငြင်းဆန်ပါတယ် ။
ရင်ခွင်ရှိန်း (FEPB)
Argumentative prose(စမ်းသပ်)
တစ် ခု ခု က ပြု လုပ် သွား ရ လောက် အောင် အ တော် ဖြစ် (ချင်) နေ ခဲ့ တယ် မ ဟုတ် လား
နားထဲစီးဝင်လာတဲ့အသံမှာ ဆာလောင်မှုဓါတ်အနည်းငယ်ပါဝင်
အနုပညာအကြောလှုပ်မှုဟာ ချော်ရည်တွေနဲ့ သူငယ်အိမ်ထဲ
ဒီနေ့ ကိုဖြတ်မှဖြစ်မယ်ဆိုမှတော့ … ရှင်သန်မှုဟာ နေရာမရတော့ဖူး။
ချစ်စဖွယ် သွားတက် ကလေးလည်းမလာ။
ဒီမှာ မေတ္တာတရားဟာ ပူလိုက် အေးလိုက် …
ကိုယ် ရလိုက်တာ ကောက်ရိုး - (မှို) များပဲ။
ဒီတနင်္ဂနွေများကြောင့် ဒီလမ်းဟာ ၊ ဒီမြင်ကွင်းဟာ  ကြိုက်ခြင်းကိုခံရ
ပလိန်းကြီးဆေးထိုးဖို့ …
ကတောင်းကြိုက်ပြီး မြောင်းနှိုက်ဖို့ …
အကောင်းကြိုက်ရင် … ဇောင်းတိုက်ဖို့ ။
လူ့ အဖွဲ့ အစည်းကိုချစ်ဖို့ မပြောနဲ့ ။ လူတစ်ယောက်ချင်းကိုတောင် မချစ်နိုင်သေးဘူး။
အဲ့ဒီတော့ တိုးတက်မှုတွေ ပြန်ယူသွားပါ။ စိမ်းလန်းစိုပြည်ရေးတွေပြန်ခေါ်သွား ။
ကိစ္စပြီးမြောက်မှုကြောင့် အခွင့်အရေးဟာ သွားကြားညပ်
ဒီပြတင်းပေါက်ဟာ ငါးမျှားချိတ်တစ်ချောင်းပဲ …
တစ်ယောက်တည်းသုံးရတာ …
လူအများနဲ့ ရုန်းရမှာ …
ကိုယ်ဟာ ဘယ်ရီသီးတွေကိုပဲ ကြိုက်နေခဲ့ ။
အနေအထားဟာ တစ်ပေနဲ့ မှကုလားပဲ …
ကိုယ့် ဖားဟာ ကိုယ့်ကို ၀င်ရိုက်ခဲ့ …
သဘောထားကွဲလွဲနေဖို့ အချိန်မရဖူး။
ကိုယ့် အသက်ရှုမှုဟာ ပရိုဂရမ် နဲ့ စနစ်တကျနဲ့ 
ဖုန်းခွက်ထဲက သူမအသံဟာ ကိုက်ခဲမှုအရင်းအမြစ်နဲ့ …
မနက်စာကို သမ်းဝေ ပစ်လိုက်တယ်။
သူ့ ဖွားအေကက်ဆက်လိုပဲ … (တစ်ယောက်ယောက်က အမြန်ပြင်ဖို့ လုပ်ထားပါ)
ရှာမရတဲ့စကားတွေအတွက် လျှာကို ခေါက် - သိမ်းခဲ့ … နှုတ်ခမ်းကိုသပ်ခဲ့
မင့် အတွက်ကုန်ကြမ်းဟာ ငါဖြစ်ပါစေ …
ဒီနေ့ ညနေ လေးနာရီ တိတိမှာ စိတ်အဆင်ပြေမှုဟာ ငါနဲ့ စောင့်ဆိုင်းခြင်းကို ကျောသပ်
မင့်အတွက် လှီးဖြတ်ပေးစရာဟာငါ့ ပစ္စုပ္ပန်ပဲကျန်တယ်။ စိတ်ကူးရှိသလိုသုံး။
ငါကတော့ ကံပေါ့။ ပြုလုပ်ခြင်းပဲ ခံမယ်။
ရင်ခွင်ရှိန်း
ကိုယ်ဟာ ကမ္ဘာကြီးရဲ့ သွေးပြန်ကြော တစ်ချောင်းပဲ
အရေပြားအနှံ့ မီးလောင်ဖုတွေ ပေါက်နေသလို
စိတ်က အဖတ်လိုက် ကွာကျလာ
စိုးရိမ်မှု့တွေ သောကတွေနဲ့ အာခေါင်တစ်လျှောက်
လက်ဖျား လက်သည်းခွံကြားထဲအထိ
ကိုယ် အေးစက် နာကျင်နေခဲ့ရ ။
သွေးသား ၊ ငွေကြေး ၊ ချစ်ခြင်းမေတ္တာ ၊ အဆင့်မှီ လူ့အဖွဲ့အစည်း
အပြုသဘောဆောင် အသက်အရွယ် အပိုင်းအခြား
" ကျုပ်ကတော့ ကျုပ်ကိုယ်ကျုပ်ကလွဲရင်
  ဘာကိုမှ သိပ်အယုံ အကြည် မရှိလှပါဘူး "
လူကို ငွေကြေးနဲ့ မျှားမယ် ဒါမှ မဟုတ်
ငွေကြေးကို လူနဲ့ ပြန်မျှားမယ် ။
ကစဥ့်ကလျား စိုးရိမ်မှု့တွေ ပူးကပ်ပျော့ခေါက်
အာခေါင်ထဲက နှိုက်ထုတ်လိုက်ရတဲ့
ခေတ်ရဲ့ လိုအပ်ချက် တောင်းဆိုမှု့တစ်ချို့
အကျိုးအကြောင်း အဆိုးအကောင်းတွေပါပဲကွယ်
အသက်ရှင် နေထိုင်မှု့ ပုံရိပ်က တစ်စ တစ်စ
မှုံရီေ၀၀ါးလာခဲ့
ကားဟွန်းသံတွေရဲ့ အောက်မှာ
ကျနော့်အပေါ်ထားတဲ့ အမေ့မျှော်လင့်ချက်
ထုနဲ့ ထည်နဲ့ကို အရည်ပျော်ကျလုပြီ ။
ကိုယ်ဟာ ကမ္ဘာကြီးရဲ့ သွေးပြန်ကြော တစ်ချောင်းပဲ
Science is the Gods,
ရုပ်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှု့တွေကို
အားပါးတရ ရယ်မောပစ်လေ့ရှိတယ် ။
ယုံကြည်မှု့ လွန်ကဲခြင်း ဖြစ်စဉ်မှာ
အရင်းအနှီးတွေ အရမ်းများတာပဲ မြို့မလေးရယ်
အဲ့ဒီ လျှာ ဖျား လေး ပေါ့
ကြိမ်လုံးဖြစ်လိုက် ၊ ဓားသွားဖြစ်လိုက်
ဘာသာ ဗေဒရဲ့ အသိမ့်မွေ့ဆုံး ကူးလူးမှု့
အရှိတရားဟာ အပေါစား အရက်တစ်ခွက်ပဲ
တန်ဖိုးနိမ့်ကျခြင်း ၊ အရသာ ပျက်စီးခြင်း ၊ ပုံမှန် မဟုတ်ခြင်း
အနုတ်လက္ခဏာတွေနဲ့ ပြည့်နှက်နေတဲ့
ေ ဘ း ထြ က္ ဆို း က်ိ ဳ း မ ေ လ း
သက်ကွင်းထဲရောက်အောင် လာခဲ့မယ် ။          ။
- မောင်မိုးမြင့်
၁ ၆ ၂ ၂ ၀ ၁ ၂
ထန်းခြောက်ပင်
ကတ္တရာလမ်း ခပ်မဲမဲတွေ ဆုံတာပါပဲ
ထသွား ထလာ ယဉ်ကျေးမှု့နဲ့ လူငယ်တွေ
ဖွဲနဲ့ပက်သလို တဖွဲဖွဲ ၀ဲ ကျလာတယ်
ဆောင်းဝင်စရက်တွေမှာ နှင်းကိုစတင်တွေ့ရှိသူဟာ
ဓားနဲ့ခြစ်ထားတဲ့ အမှန်တရားကို လက်ဆောင်ရခဲ့မယ် ။
တကယ် ပျော်နေခဲ့တာ အမှန်လား
အမှန်က တကယ် ပျော်ကျသွားတာလား ။
လူငယ်တစ်ယောက်ရဲ့ ရင်ခုန်သံဟာ
အရောင်တောက်ပြီး အရမ်းထိခိုက်လွယ်နေခဲ့တယ် ။
ဘေးလွယ်အိပ်ကလေးထဲမှာ သူ့ဓာတ်ပုံလေး
ထွန်းရွှေရောင်နဲ့ ဗံဒါပင်ဟာတွဲပြီး ညနေက သန့်စင်လွန်းအားကြီးတယ် ။
အမှတ် ( ၅၇ ) ဗိုက်ပူ သစ်သားဘက်စ်ကားအိုကြီး တစ်စီး
အချစ်ကဘောလုံး အသင်းတွေကို မသိဝူး
အရပ် နည်းနည်း ပုတယ်
မုန်တိုင်းတစ်ဝက် ပန်းတစ်ဝက်နဲ့  "ဂျစ်ပစီ" လို့ ကျနော့်ကို ခေါ်တယ် ။
ငုံးဥပြုတ် ကျွေးပြီး ကောင်မလေး တစ်ယောက်ကို လက်ကိုင်ချင်တာဟာ
သွေးရိုး သားရိုး အမှား တစ်ခုဖြစ်ကြောင်း
ရန်ကုန်-မန္တလေး အမှတ်(၄) လမ်းမကြီးပေါ်မှာ မှတ်သားထားမိခဲ့
မိုးတွေ ရွာတယ်
နေတွေ ပူတယ်
နှင်းတွေ ကျတယ်
သဘာဝ အလှတရားတွေထဲမှာပါလာတဲ့ ဘေးထွက်ဆိုးကျိုးရဲ့ နာမည်
 "ညီမလေး"
လက်ရေး ၀ိုင်းဝိုင်းလေးတွေနဲ့ ပေးခဲ့တဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးသတ်မှတ်ချက်
ခေတ်ပေါ် ဟစ်ဟော့သီချင်းစာသား တစ်ပိုင်းတစ်စ
ပဲခူးမြို့အလွန်မှာ ဖိနပ်မစီးတာ သေရာပါ နာကျင်မှု့ဖြစ်ခဲ့တယ် ။
ခဏ ခဏ လွမ်းရအောင်
ချစ်သူတွေ ခဏ ခဏ နမ်းကြတာလား
ယုန်မလေး
ပွတ်သပ်ကြည်စယ်တက်တဲ့ လက်ဗွေရာတွေ ပြန်ပေးပါ
လမ်းမကြီးကတော့ အရင်လို ခပ်မဲမဲပါပဲ
ကားတွေ ပိုများလာတယ်
၅၀ ပေးရင် ကြိုက်သလောက် စီးလို့မရတော့ဘူး
လမ်းထိပ်က ပိတောက်ပင်ကြီး တော်တော် အိုနေပြီ ။
ကမ္ဘာကြီးလည်း ပြားသွားပြီ
လမ်းတွေလည်း ကောင်းကောင်း မှတ်မိနေပြီ
ပြောင်းလဲခြင်းတွေ နောက်မှာ ကျန်နေသေးတာက
ဆံပင် အရှည်တွေရယ် ၊ ရေခဲမုန့် နှစ်ခွက်ရယ်
အရှက်သည်းသည်း အိမ်မက်တွေရယ်
ဆေးလိပ် မဖြတ်နှိုင်သေးတာရယ်
ဒီလောက်ပါပဲ
အဲ့ဒီ မှတ်တိုင်မှာ ကျနော် ဆင်းပါရစေ
ထ န်းေ ခြာ က် ပ င်   ။                         ။
- မောင်မိုးမြင့်
၈ ၇ ၂ ၀ ၁ ၁
ကျွန်တော့်အဖေ
အဖေရေ....
လောကကြီးမှာငေါင်စဉ်းစဉ်းနဲ့
စဉ်းစားချင့်ချိန်တတ်အောင်
လူဘောင်မှာသွပ်သွင်းခဲ့တာလား....
အဖေရေ..
အဖေကတော့ခဏတာတဲ့
ကျွန်တော့်မှာတော့ခါးစိးပြီးခံလိုက်ရတာဗျာ
ကျွန်တော်ငြိမ်းချမ်းချင်ပါတယ်
ဒါပေမဲလောကကြီးကကျွန်တော်ကိုအသက်ရှူခွင်ပေးထားသေးတယ်
အဖေရေ
ဘ၀ဆိုတာဘာကြောင်းညာကြောင်း
ထပ်လောင်းပြောခဲ့သေးတယ်နော်
ကျွန်တော်ကတော့ခေါင်းညိတ်ခေါင်းခါ
ခြေလှုပ်လက်လှုပ် တစ်ချိန်ကျရင်သူဘာသာ
ပြိးသွားတာပဲသိနေတယ်ဗျာ......
အဖေရေ
ကျွန်တော့်အတွေးတွေဖောက်ကြည့်ချင်လား
အယူအဆတွေ စည်းမျည်းတွေရှိချင်မှရှိလိမ်မယ်
ဒါပေမဲ အဖေ
ကျွန်တော်မမိုက်တတ်သေးဘူးနော်
အဖေရေ
ပညာတတ်ကြီးဖြစ်ရမယ်လိုပြောတိုင်း
အဖေနှလုံးသားကိုကိုယ်ချင်းစာရဲ့ဗျာ
ဒါပေမဲ့ခက်တာက...............
ကျွန်တော်သိတဲ့ပညာမှာ
ညီမျှခြင်းတွေ၊ကုန်ထုတ်စွမ်းအားတွေ၊ဆေးပညာတွေ
မပါဘူးဗျာ..........
အဖေရေ
ကျွန်တော်မြင်ရတဲ့ဘ၀မှ
ဗောလောမျောတဲအမှိုက်နဲ့ဒိုက်တွေပဲ
ရှိနေလေရဲ့
အချိန်ရရင်ဆည်ချင်ပါသေးရဲ့ဗျာ........
အဖေရေ....
ဆုံးမသြ၀ါဒပြောတိုင်း
ခေါင်းငြိတ်တတ်တဲ့ကျွန်တော့်စိတ်ကို
ကြိမ်လုံးနဲ့သာရိုက်ချင်ရဲ့ဗျာ.....
ဒါပေမဲလေ.လူဆိုတာက.........
အဖေရေ..
ကျွန်တော်မျက်ရည်ကျတတ်ရဲ့လားဗျာ
ဒါပေမဲဒီကောင်တွေခုန်ဆင်းလာတိုင်း
တိကျတဲ့အဖြေတော့မရှိပါဘူးလေ
အဖေရေ.......
သတ္တ၀ါတစ်ခုကံတစ်ခုဆိုပြီး
အဖေထွက်သွားလဲ
အဖေသွေးတွေကျွန်တော်ရင်မှာမြူးတူးနေလေ၇ဲ့
ကျွန်တော်ကျေနပ်ပါတယ်အဖေ.........
ဒါပေမဲ့လေ
အဖေလိုလကာင်္ဆန်အောင်ကျွန်တော်မမိုက်တတ်သေးဘူးအဖေ
ရေခဲမြစ်၏ဆုတောင်း
ပြတင်းတံခါးရဲ့ အပြင်ဖက်မှာ
နှင်းတွေကျနေတဲ့ ညဟာ အေးစက်လွန်းနေခဲ့တယ်
ဒီရင်ထဲမှာတော့ ချစ်တဲ့ 'မ' အတွက် နွေးထွေးမှုတွေ
အပြည့်ရယ်ပါ..
ကျွန်တော် လွမ်းတယ် မ ရယ်.
ဘယ်သောအခါမှ အတူမရှိနိုင်ခဲ့တဲ့ ဘ၀နှစ်ခုအတွက်
ဆုတောင်းခြင်းဆိုတာဟာ တစ်ခုတည်းသော ကောက်ရိုးမျှင်လေးရယ်ပါ.
ဒါပေမယ့် အဲဒီ့ကောက်ရိုးမျှင်လေးကိုသာ
တရှိုက်မက်မက် စွဲလမ်းဆုပ်ကိုင်နေဆဲပါ
ကျွန်တော် လွမ်းတယ်. မ
ဒီအချိန်ဆို မ ဘာလုပ်နေမလဲ.
ခရစ်စမတ်သီချင်းတွေ သီကြွေးနေမလား
ခရစ်တော်အကြောင်း ကောင်းချီးသဘင် ဆင်ယင်နေမလား
ခရစ်စမတ်သစ်ပင်အောက်မှာ ပါဆယ်လ်ထုပ်တွေ ဖောက်နေမလား
ခရစ်စမတ်ပါတီမှာ ရီဝေစွာနဲ့ ၀ိုင်အရက်တွေ သောက်နေကြမလား..
ကျွန်တော်မသိဘူး မ..
တကယ်တော့ ကျွန်တော်မသိဝံ့၊ မသိတတ်၊ မသိချင်ခဲ့တာပါ..
ဘယ်သူတွေ ဘယ်လိုပဲ ပျော်နေမော်နေပေမယ့်
ကျွန်တော်ကတော့ ဒီနှစ်ခရစ်စမတ်ကို အခန်းငယ်လေးထဲမှာပဲ
တိတ်တိတ်ဆိတ်ဆိတ် ကျင်းပခဲ့တယ်...
မ အတွက် ရည်ရွယ်ပြီး ရှာဖွေထားတဲ့ အွန်လိုင်းပေါ်က ပို့စကဒ်လှလှလေးတစ်ခုရယ်
မ အတွက် တိုင်တည်ပြီး ရေးစပ်ထားတဲ့ ဟောဒီ့ကဗျာတစ်ပုဒ်ရယ်
မ အတွက် စူးနင့်စွာ ပေးဆပ်ထားတဲ့ ချစ်ခြင်းဝေဒနာ တစ်ချို့ရယ်
အဆင်ပြေသလို လုပ်ထားတဲ့ ခေါက်ဆွဲခြောက်ပြုတ်လေးတစ်ခွက်ရယ်
ကျွန်တော်သိပ်ကြိုက်တဲ့ မြေပဲဆားလှော်လေးတစ်ထုပ်ရယ်နဲ့
[listen] သီချင်းလေးတစ်ပုဒ်ကို ဖွင့်ပြီး
ကျွန်တော့်စိတ်တွေကို ဟိုးးးးးး အဝေးတစ်နေရာကို လွှတ်ထားခဲ့တယ်...
နေခြည်ဝင်ရောက်လို့ ညအမှောင်ကွယ်ပျောက်တဲ့ မနက်ခင်းမှာ
ခရစ်စမတ်သစ်ပင်ကို သူတို့ တစ်နေရာရာမှာ လွှင့်ပစ်ကြတော့မယ်.
ခရစ်စမတ်ဆုတောင်းပို့စကဒ်လေးတွေကို မြင်သာမယ့်
တစ်နေရာရာမှာ ချိတ်ဆွဲသိမ်းဆည်းထားကြလိမ့်မယ်.
ဟော...
၂၀၀၉ တဲ့.
ဒါတွေကို သူတို့မေ့သွားမှာပါ..
သူတို့စိတ်ထဲမှာ ဩော်... တစ်ခါက ဆိုတဲ့ အတွေးနဲ့ပဲ
ဒါတွေကို အဝေးမှာ ထားခဲ့ကြတော့မှာပါ..
မ အတွက် ကျွန်တော် ဒီညရေးဖြစ်ခဲ့တဲ့ကဗျာတစ်ပုဒ်
မ အတွက် ကျွန်တော် ပို့သခဲ့တဲ့ မေတ္တာ
မ အတွက် ကျွန်တော် ရေးဆွဲခဲ့တဲ့ ပန်းချီကားလေးတစ်ချပ်ကတော့
ဟောဒီ့ ကျွန်တော့်ရဲ့ အခန်းငယ်လေးထဲမှာ
နှစ်ပရိစ္ဆေဒ ကြာမြင့်သည်တိုင်
ခိုင်မာစွာ တည်ရှိနေဦးမှာပါ...
ကျွန်တော်သေဆုံးသွားခဲ့ရင်တောင်
မ အတွက် လေးနက်စွာ ငိုကြွေးခဲ့တဲ့ ဒီမျက်ရည်တွေ
ရေခဲမြစ်အဖြစ် ဆက်လက်စီးဆင်းနေဦးမှာပါ
ခရစ်စမတ်ရောက်ခဲ့ပြီ မ ရေ...
ပျော်ရွှင်ပါစေ....
ချမ်းမြေ့ပါစေ....
ရွှင်လန်းပါစေ....
အေးမြပါစေ....
ဝေဒနာအပူအပင်တွေကြားထဲမှာ
အားရအောင် ငိုကြွေးခဲ့တဲ့ ဒီမျက်ရည်တွေကို သုတ်လို့
တဖြုတ်ဖြုတ်ကြွေကျလာနေတဲ့ နှင်းစက်လေးတွေနဲ့အတူ
မ အတွက်ဆုတောင်းတစ်ခု ကျွန်တော်ယူငင်လာခဲ့တယ်.
ဟော. ဟိုမှာ ကြည့်
ခရစ်စမတ်သစ်ပင်ထက်မှာ လင်းလက်နေတဲ့ မီးပွင့်လေးတစ်ပွင့်
ကျွန်တော့်ရဲ့ ချစ်ခြင်းတရားတွေကို ဖွင့်ဟနေလေရဲ့
မယ်ရီခရစ်စမတ်ပါနော် မ...
ဘယ်သောအခါမှ အတူမရှိနိုင်တော့ပေမယ့်
ကျွန်တော့်ချစ်ခြင်းတွေကတော့ တည်ငြိမ်စွာ ဆက်လက်စီးဆင်းနေဆဲပါ...
ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေနော် မ..
ပြတင်းတံခါးရဲ့ အပြင်ဖက်မှာ
နှင်းတွေကျနေတဲ့ ညဟာ အေးစက်လွန်းနေခဲ့တယ်
ဒီရင်ထဲမှာတော့ ချစ်တဲ့ 'မ' အတွက် နွေးထွေးမှုတွေ
အပြည့်ရယ်ပါ..
တေလေ
မရေမရာဘ၀ကြီးထဲမှာ
လူရီစရာပြဇာတ်တွေကြည့်ရင်း
ကိုယ့်ပခုံးကိုယ်ထမ်း
လျှောက်ခဲ့တာ...ခရီးတစ်ဝက်ရောက်ခဲ့ပြီ
မုသာဝါဒတွေလှိုင်လှိုင်ပြော
အကျိုးအကြောင်းသင့်ရင်ပြုံးလိုက်မဲ့လိုက်
အသူရာအရည်တွေမှီဝဲ ဘာတစ်ခုမှမကောင်းတော့
များစွာသောကျေးဇူးတော်တွေကို
နောင်ဘ၀မှပဲအကျေဆပ်ပါရစေ
မငိုတတ်တဲ့ဘ၀မှာ
ဘာတစ်ခုမှကြည့်မကောင်းတော့
မငိုရက်ခဲ့ဘူး.........
ဒီအတိုင်းလည်းနေသားကျခဲ့တော့
ပြသာဒါးတွေ ရက်ရာဇာတွေ
နဂါးခေါင်းတွေလှည့်ချင်သလိုသာလှည့်ပါစေ
"တောက်" ခေါက်ရင်းပဲရင်ဆိုင်မယ်...........
အမှားလုပ်တိုင်းဦးသုံးကြိမ်ချ
လက်အုပ်ချီတိုင်း ကျေတယ်ဆိုရင်
နေတိုင်းဘုရားမှာလူစည်မှာပေါ့
တကယ်ပါ....ဘာဆုမှမတောင်းချင်တော့ဘူး
သူများတွေရေးတဲ့ပြဇာတ်ထဲ
ဝင် က ရလို့အောင်မြင်တယ်ဆိုတဲ့စိတ်
တစ်ရွေးသားမှမရှိခဲ့တာ ယုံကြည်လိုက်စမ်းပါ
ဘယ်တော့အခါမှစနစ်တကျမရှိတဲ့ဘ၀မှာ
သေသေချာချာ.......ချည်နှောင်လိုက်ပါပြီ
နောက်ဆုံးစစ်တမ်းမှာ
ချစ်သူလည်းမပါတော့ဘူး
မပူပါနဲ့လေ...........
ငါကိုယ်တိုင်လည်းမပါဘူး 
(စည်သူ)
လမ်းခွဲလမင်း
လိုအပ်ချက်တွေနဲ့ဘ၀ထဲ
မျှော်လင့်ချက်ကိုဖတ်ကြားဖို့
ဘာသာဗေဒအသစ်တစ်ခုမရှိသေးဘူး.........
လမ်းခွဲမူအတွက်လျှော်ကြေးတစ်စုံတစ်ရာ
မမျှော်လင့်ခဲ့သလို...........
ဝမ်းနည်းမူမှတ်တိုင်လည်းမစိုက်ထူခဲ့ပါ..........
ဆွေးမြေ့ခြောက်ကတ်စွာ
ရာသီတွေကုန်ဆုံးရင်း.........
ငါ့နှလုံးသားမှအဖြူရောင်စစ်စစ်ပန်းတွေ
မပွင်ဖူးတာရာစုနှစ်တွေကြာလှပေါ့.........
ဒဏာရီထဲကစာမျက်နှာမှာ
အလွမ်းတွေကိုသာရေးထိုးရင်း
ခံနိင်ရည်မဲ့စွာငါလျှောက်လမ်းနေရတော့တယ်......
နာကျင်စွာရွက်လွင့်ရင်း
နင်နဲ့ဝေးရာမှာလွင့်မျောရင်း
အထပ်ထပ်ရွက်ဆိုခဲ့တဲ့ကဗျာတစ်ပုဒ်
နှလုံးသားမှာထုပ်ပိုးလို့သိမ်းဆည်းပြီးပါပြီ
မိငယ်ရယ်................
ငါမချစ်တတ်တာမဟုတ်ဘူး
မချစ်ရက်တာပါ.........။
စည်သူ
စန္ဒီ စိုးဝင်း၏ ညာဘက်ခြေထောက်
မေလရဲ့ ပထမအပတ်မှာ အကြည့်တစ်ချက်နဲ့
တစ်ကိုယ်စာမြေကြီးတွေ ပါးစပ်ဟသလို ပက်ကြားအက်ကုန်တယ်
မှောက်ဖဲ တစ်ချပ်ကို အေးအေးလူလူ လှန်ပြတော့
အပွင့်မပါပဲ မျက်ရည်စတွေ ထွက်ကျလာခဲ့
အဲ့ဒီနေ့ကစပြီး
ညာဘက်လက်နဲ့   ငါ့ကိုယ်ငါ သော့ခတ်ပစ်လိုက်တယ် ။            ။
အသက်ထွက်ရန် (၅) မိနစ်သာ လိုတော့သည်
တိမ်တွေ တိမ်တွေ ဝေနေလိုက်ပုံများ
ခြေချစရာတောင် နေရာလွတ်မရှိ
နားရွက်ဖျားမှာ ချိတ်ဆွဲထားတဲ့ ဆန္ဒ
လိုင်းကားတိုးစီးရတဲ့ ဒုက္ခ
အရောင်မတူတဲ့ အရေပြားပေါ်မှ
စိမ့်ထွက်လာတဲ့ ချွေးဟာ အနံ့တော့ မပြောင်းဘူး ။
အေးစက်သော မြို့ကလေး
ရန်ကုန်နဲ့ ဆောင်းယောင်ဆောင်သော ဆောင်း
မကြားဝံ့မနာသာ ပြောဆိုဆက်ဆံမှု့အောက်မှာ
အဝေးပြေးကားလက်မှတ်လေး တွန့်ကြေသွားခဲ့ ။
ငါမရူးဘူးဆိုတဲ့ အရူးများ
အဘိဓမ္မာအရ ရိုက်သွင်းခြင်းခံထားရသော
စိတ်
ပိတ်နေတယ်၊ တိတ်နေတယ်၊ အိပ်နေတယ်
နှိုင်ငံခြားကော်ဖီတစ်ခွက် အတွက်
စက်ရုံမှာ အလုပ် သုံးရက်ဆင်းပါ
မကြာ ခဏ ဘုရား ၀တ်ပြုပါ
စပါးပေါ်လျှင် ထီထိုးရမည်
ထီပေါက်ရင် ထော်လာဂျီ တစ်စီးနဲ့
လယ် ဧက နှစ်ဆယ်လောက် ၀ယ်မည် ။
သူဌေးဝါဒ သီချင်း
ကာရာ အိုကေ စက်
တစ်သက်လုံး မတ်တပ်ရပ်နေသည့် ဓာတ်တိုင်များ
အောက်ဆီဂျင်အား ၀၀ ရှူပါ
ရေနံဆီမီးခြစ်နှင့် နုယူကလိယား ဓာတ်ပေါင်းဖိုကြား
အိမ်မက်တို့ မက်ထားနှင့်ကြ ။
အရေပြားထဲမှ ဖောက်ထွက်လာသော
သွေးဆာနေသည့် အရိုင်းဝါကျ
ငါးထောင်ကျပ်တန် ငွေ စက္ကူ
တဆတ်ဆတ် တုန်ရီမေ့မော
ချစ်သူတွေပြောတဲ့ သစ္စာစကားဟာ
ရက် အပိုင်းအခြား ရှိတယ် ။
အရက်သည် အရက်အတိုင်းထားပါက
အနံ့ထွက်နေသော အရည်သာဖြစ်သည် ။
လှလွန်းသော အမျိုးသမီးကြောင့်
မိမိ ကိုယ်တိုင်
ကတ္တား ဖြစ်လိုက် ၊ ကံ ဖြစ်လိုက်
ခေါင်းကိုက်နေသော ဒီကိုဂျင် ဆေးပြား
အမေ့ဆီ မရောက်ခင်
ပဋိသန္ဓေ တားဆေးနဲ့ တွေ့လို့
ငိုနေတဲ့ ကလေးတွေရဲ့ အသံ
မှန်တစ်ချပ်ဟာ
အလင်းပြန်မှု့ သီဝရီလား ။
လှီးထုတ်ပစ်ချင်မိသော
စိတ်အပိုင်း အစများ အတွက်
သက်ငြိမ်မှု့   နှင့် ကိုယ်ခန္ဓာအချိုးကျကျ မိန်းမတစ်ယောက်
ဒါလောက်ပဲလိုမယ် ။
အမေ ၊ မိန်းမ ၊ သားလေး
အားလုံး ဘေးမှာထိုင်
နံရံတွေ ပွင့်ထွက်လာပြီ
ကိုယ့်ပါးစပ်ကို ကိုယ့်လက်နဲ့ ပိတ်ရတာ
သိပ်တော့လည်း မလွယ်လှပါဘူး ။
ဘွဲ့လက်မှတ်တွေ မီးရှို့ပေးပါ
လောင်မြိုက်ခြင်းဟာ အရသာ တစ်မျိုးပဲ
ကိုယ်ကတော့ ခရီးဆီရောက်နှင့်ပြီ
လမ်းတစ်လျှောက်လည်း ပျဉ်းမပန်းတို့ ဝေလို့ပေါ့  ။             ။
တစာစာအော်သံအစွဲနဲ့  လဲကျသွားမယ့်တံတိုင်းလျှောက်သမား အဖွဲ့ အလွန် ပြောင်းပြွန်ဝမှ
နံရံကို လက်ဖျံရိုးချိုးပြီး ခပ်စပ်စပ်လေးထိုးပြလိုက်တယ်
ဒါသက်မဲ့တစ်ကောင်ရဲ့ ပုန်ကန်မှု့  ပြန်ကန်ထွက်လာတာကိုက
lisible အတုပဲ….နည်းနည်းတော့ဖုသွားတယ်
မျက်လုံးတွေအောက်မှ ဂုဏ်ပျောက်လို့ တော့မဖြစ်
မသိမသာ ခပ်တိုးတိုးဆဲဆိုမိတော့
အာရုံမပြောင်းတဲ့ ပဲ့တင်သံက လက်ခုပ်သံလား..အမြောက်သံလားမကွဲပြားတာတွေကို တအူအူထုပ်လွှင့်
အသေအကြေ ပြန်နားမိတဲ့ အတ္တနောမိစကားတွေကိုဆို
မျက်လုံးတွေ ငိုသွားတော့မှ နည်းနည်းလေးဂုဏ်မောက်နေရာကကိုယ်ယောင်ဖျောက်လိုက်တယ်
အားတဲ့အချိန်တိုင်း မသိစိတ်ကိုချေးချွတ် မှန်ကူကွပ်တပ်ဆင်
ရာဇ၀င်ထဲက အနိုင်ကျင့်တက်တဲ့ မိန်းမကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ၀ါးစား
နဖူးရည်ဘယ်လောက်..ဒူးရေဘယ်လောက် သေချာစစ်ဆေး
ပြီးမှ မျက်လုံးသေးသေးလေးတွေနဲ့  ကြိုးစွဲပြီး ပြန်တက်လာတယ်
လရောင်ကိုရှောင်သူတစ်ယောက်အဖြစ်နာမည်ကြီးလာ
အရိပ်မှာကျောကုန်းမမြင်ရတဲ့မိစ္ဆာတစ်ကောင်ပဲ
ဝိုင်းဖွဲ့ စစ်ဆေးနေတဲ့ကလေးတွေကြားမှာလည်း အနေမကြုံ့ လားမေးတော့
ငယ်ဂုဏ်လေးအေးအေးလူလူဖုန်သုတ်ခွင့်ရတာပေါ့ဗျာတဲ့
သေရော !  မေးသူသာပြောင်းသွားတယ်
 သူကတော့ ဒီတစ်ခွန်းတည်းနဲ့  ဂျက်တွေ..ပတ်လမ်းကခွဲထွက်လာတဲ့ ဂြိုလ်တွေ... စက်တပ်ယဉ်မှန်သမျှ
အို..အုတ်တံတိုင်းကိုတောင် ကြိုးတပ်ပြီးမောင်းနှင်
ကြည့်လိုက်ရင် အဲဗားစည်ပင်နေတာပဲ
 အခုဆိုလူတွေက အလင်းရောင်လိုလို့  ကိုယ့်တံခါးမင်းတုပ် ကိုယ့်လက်နဲ့ ဆွဲမဖြုတ်ချင်သလို
ကိုယ့်အလုပ်ကိုယ်လဲမလုပ်ချင်ကြတော့ဘူး
ကိုယ့်လမ်းကို ဆွဲမှောက်ထားပြီး သူများလမ်းမှာမှ
ဖြတ်လမ်းလိုက်ရှာ ပတ်ပင်းတိုးတော့မှ
တူ ......တူ....... ရေ......၀ါး ......ဆိုပြီးတော့ဗျာ….. သိပ်ဟားရတယ်
 ပြောရင်း မိုင်းနပ်(စ်) ဆုံးရင် ပလပ် ပြန်လာလိမ့်ဦးမယ်ဆိုတဲ့
သေသေချာချာကိုဆိုးတဲ့အပြုံးနဲ့  ပါးစောင်မှာ ငုံထားတဲ့ မာမာချာချာ ဒါဒါတွေကို ထုပ်ပြလိုက်တယ်
လက်သည်ရှာမရအောင်လည်း လျော့လျဲနေတာတွေကို ပြန်စွဲတင် ကျကျန်ခဲ့တာမရှိရအောင် ပြန်ကုန်းကောက်
ဝင်ရိုးစွန်းက ရေလပ်ကြားတစ်ခုကို မြင်ရဖို့ အတွက်တော့ သူ့ အောက်စကို လွှတ်ထားရတာပေါ့
                                                                                                                                        ဇက်ကကြိုး
ခိုးတီးတဲ့ သံစဉ် ၊ ကြေကွဲ တဲ့ လက်ခတ်
ရင်တွေကွဲ ..အာခေါင်တွေခြောက်ကပ်လို့ ..
အညိုရောင် အိမ်မက်တွေမက်တယ်
ကြောက်တတ်တဲ့ ကောင်ရဲ့ မြို့ လေးမှာ
ဘယ်တော့ မှမဝေ ..မကြွေတဲ့ ..
သစ်ခြောက်ပင်ကြီးရှိနေလေရဲ့ ...
ခံစားချက်ကိုဓါးသွားတပ်လို့ ....
မားမားဝင့် ဝင့် စင် မြင့် ထက်မှာ..
ပန်းကုံးစွပ်ခံ...သူရဲ ကောင်းဘွဲ့ ..လိုချင်မိပါတယ်.
အဲ့ ဒီကံကြမ္မာရထား ကိုဘယ်ဘူတာကစောင့် ရမလဲ
ချည်ရင်း ငင်ရင်းနဲ့ ...
ကိုယ့် ကိုကိုယ် ပြန်ပျိုးနေမိတာ..
မပြောမပြီး ..မတီးမမြည်တဲ့ ...
ရင်တွင်းဂီတမှာ...
ဘာရစ်သမ်မှမပါဘူး.....
စစ်မှန်သော..ချစ်ခြင်းမေတ္တာအတွက်..
ပါးစပ်က.....ဖွင့် ဟပြောခြင်းကို...
တုန်ခါနေတဲ့ ရင် က...
ခွင့် မပြုဘူး...
ဒီနေ့ ကော ..ဒီလိုပါပဲ...
နေ့ ရက်တွေ ကို သွားကြို...လိုက်ပို့ ..
ဒိုင်ယာရီအဟောင်းထဲ ..စကားလုံးတွေ ကျဲချ..
တစ်ယောက်တည်းညတွေနဲ့ ...
တိမ်တောက်တဲ့ နေ့ တွေထိုင်ကြည့် ...
ယဉ်ယဉ်လေးရူးနေတဲ့ ...ပြက္ခဒိန်မှာ...မှတ်သား..
ခဲခြစ်ရာတွေဟာ...ပြဿဒါးတွေ .ပါပဲ..
ကဲ ..ခင်ဗျားရော..
စည်းတကာ့ စည်းထဲမှာ..ဒီစည်းကျော်ရခက်တယ်ဗျာ..
အဖြူရောင်တွေသုတ်ထားလို့ ..
ဟော..ဒီသံကွန်ချာတွေထဲကကို..
ခံစားချက်..ဖောက်မထွက်နိုင်သေးဘူး
အညိုရောင် မှတ်တမ်းစာအုပ်လေး ..
ကမ်းနဲ့ ဝေးဝေးသွား...
ခံစားချက်တွေ ..စုပေါင်းထုတ်သိမ်း.လို့ 
ရေစာကျွေးလိုက်တယ်..
ထာဝရ ...မျောလွင့် နေပါစေတော့ ..
အိမ်အပြန်မှာ...
အလွမ်းသယ်ချင်နေတဲ့ ..တိမ်တိုက်တွေကို ပန်လာတယ်
ရိုးရိုးရှင်းရှင်းလေးပါပဲ..
ကျွန်တော်
သူ့ ကို
ချစ်
တယ်
ကျွန်တော်
သူ့ ကို
လွမ်း
တယ်
“သက်ဆိုင်သူသာသိပါစေ” လို့ အမည်တပ်ထားတဲ့ ..
စာအိတ် ကလေးကျန်နေသေးတယ်
ဒါလေးတော့ ..
ဝမ်းနည်းမှုအမှတ်တရနဲ့ ..
ကြောက်တတ်တဲ့ ကောင်ရဲ့ ..
ခေါင်းအုံးလေးအောက်မှာ...
နှစ်ပေါင်းများစွာ ဆက်လက်တည် နေပါစေသော်ဝ် ...
ရင်ခွင်ရှိန်း
ခရမ်းရောင် နတ်သမီးနဲ့ အပြိုင်
နာကြည်းမှု မျက်နှာဖုံး ခပ်ပါးပါးလေးပေါ့ .....
လျောခနဲ ..ပြုတ်ကျ....သွားရင်
သူ မတွေ့ ပါစေနဲ့ .......
ခပ်ညံ့ ညံ့ ...ငါ့ ခရမ်းရောင်..တမ်းချင်းလေး....
ဝေးမှသာဝေးရော........
အိမ်မက်တိုင်း...မနက်ဖြန်တိုင်း....ခေတ်အဆက်ဆက်တိုင်း.....
ကောင်းကင်မှာ........
လက်ချင်းချိတ်ဆက်.......
အိမ်မက်တိုင်းရဲ့ ကမ်းနဖူးမှာ...ခြေလေးချကာ....
တိမ်တိုက်လေးပေါ်မှာ.........
ငါ.........အသက်ရှုနေခဲ့ တာပါ.......
တစ်ကယ်တော့ ..ငါဟာရဲတိုက်ဆောက်ချင်နေခဲ့ တဲ့ ကောင်ပါ.....
ကမ်းလင့်တဲ့ လက်တစ်စုံအတွက် ....
ငါ ..မြူခိုးတွေ ..ဝေ..ပြရုံအပြင် ..
ဘာတတ်နိုင်ဦးမှာလဲ.....
မင်း...အစွယ်ပြူးပြူးဘီလူးတွေနဲ့ စစ်ခင်းတဲ့ အခါ...
ငါဟာ ..အရောင်မဲ့ သက်သက် ဖြစ်တာ..သိလိမ့် မယ်...
အပ်ဖျားတစ်ထောက်စာလည်းမဟုတ်ဘူး...
ဟိုး...ဘက်အထိ ..ထိုးသွင်းဒဏ်ရာ...
ပြန်မကောက်နဲ့ တော့ .......
နွမ်းပါးသွားတဲ့ .... ....
အပြာရောင်......သတိရခြင်းတွေ......
လေတိုက်တိုင်းသစ်ရွက်မကြွေတဲ့ သဘောကို....
တတ်သိနားလည်ရဲ့ သားနဲ့ .....
ငါ့ ခြေလှမ်းတွေယိုင်နဲ့ ....
မိုးခါးရေ.ရယ်.......
အားနာပါရဲ့ .......
ငယ်ငယ်တုန်းကကြားဖူးခဲ့ တဲ့ ``နတ္ထိ``.... ဆိုတာ
ဘာလို့ ခုမှ......
ငါ့ ရဲ့ အညိုရောင်...အိမ်ခေါင်လေးပေါ်ခုန်အုပ်.....
ကောင်းကင်ရယ်.....ဆံနွယ်အုပ်တွေဖယ်ပါတော့ ...
အစက်အပြောက်လေးတွေလို...
သေးကွေးစွာနေရင်း......ရက်ရာဇာ အိမ်မက်တွေမက်နေခဲ့ တာ..
အဲဒီလိုနဲ့ ...
ငါ့ နေ့ ရက်တွေ...
မိုးဖွားဖွားလေးတွေ ရွာခဲ့ ပြီ......
မလှောင်ပါနဲ့ ...ပြက္ခဒိန်ရယ်.....
ဖုန်အထူထူ တက်နေတဲ့ ...
ရွှေရောင်မျက်နှာဖုံး တွေကို ကြည့် နေရတာထက်စာရင်....
``လူမိုက်`` ဆိုတဲ့ စကားလုံးကို..
ပန်းဘာသာနဲ့ ..ရေးချင်ခဲ့ တာပါ....
´´မှန်ကန်စွာ မိုက်မဲ ပါရစေတော့ ...´´
ဒီလိုနဲ့ .....
ကိုယ့် ကိုကိုယ်ပြန်ရှာရတော့ ...
အမှိုက်ပုံးထဲ တစ်ဝက်.....ဘုံဆိုင်မှာတစ်ဝက်...
လောက ရဲ့ ဓမ္မသတ် ထုံးကို နားမလည်သရွေ့ ...
တိမ်တိုက်တွေရွေ့ နေတာပဲ မြင်မယ်.....
နောက်ဆုံးတော့ .............
အ၀ါရောင် စာရွက်မျက်နှာတွေလည်း....အက်စစ်ချိုတွေစား..
ခရမ်းရောင်နတ်သမီးရယ်.......
အတောင်ပံ တလွင့် လွင့် နဲ့ ....
ဟော...ဒီမှာ.............
ကိုယ့် တောင်ကုန်းလေးမှာ.........
``အလံ`` စိုက်သွားဦး..........
ရင်ခွင်ရှိန်း 
ရနံ့ဝှက်ပန်း
ရနံ့ဝှက်ပန်း
အချစ်တဲ့
အဲ့ဒီ့နှလုံးသားကို လာလာဆွတဲ့
ခပ်ရှရှဓါးပါးတလက်ကိုပဲ
တယုတယသပ်သပ်နေမိလို့
ရခဲ့တဲ့ဒဏ်ရာတွေဆိုတာ
တဖွဲဖွဲ......
သံယောဇဉ်တဲ့
စိတ်ကိုညှို့တဲ့ ချက်ကြိုး
ဘယ်လိုဒဏ်ရာမျိုးရမဲသိတယ်
ဒါပေမဲ
မနှင်ရက်ခဲ့ဘူး.................
ကွက်လပ်တွေနဲ့ ရှုပ်ရှက်ခပ်နေတဲ့
ဒိုင်ယာရီ
အဆက်အစပ်မရှိ ပျက်ရည်လာလာပြုတတ်တဲ့
ရင်ခုန်သံ
ဘယ်လိုဗွေပေါက်ပေါက်
နင့်ဆီအမြဲရောက်နေတတ်တဲ့
စိတ်ကူး
အားလုံး
အားလုံး
စိတ်တံခါးကိုဂျိုင်းခနဲစေ့ပိတ်
မျက်စိကိုတင်းတင်းမှိတ်လို့
မေ့လို့ရအောင်
ငါ....
မေ့ပစ်မယ်
တကယ်တော့.....
တို့နှစ်ယောက်တွေ့ဆုံမှုဟာ
စံပယ်ရုံနံဘေးက
အိမ်မက်တေးမျှသာဖြစ်တယ်......
စုန်းကိုက်ခံရသော ထိလွယ်ရှလွယ်ပွင့်ဖတ်များအကြောင်း
မြစ်တဖက်ကမ်းမှာ ကြယ်တွေတဖြုတ်ဖြုတ်ကြွေတယ်
လရောင်အသေကတော့ ရှိသမျှအလင်းနဲ့ ပန်းရနံ့တွေကိုမြှားဆဲ.....
တောက
                    နက်သထက်နက်တယ်....
ဟော......
                      ဟိုမှာ
တိမ်တအုပ်က လမ်းပြလို့
နေ့ရက်တို့ရွှေရောင်သမ်း
လာရာလမ်းကိုတောင်အမေ့မေ့ အလျော့လျော့နဲ့. 
"ချစ်သူရေ ငါ့အားကြည်ဖြူ ထွေးပွေ့ယူပါ
ငါသည်ကား
အရှုံးများ၏မိတ်ဆွေဖြစ်တယ်"
ဒါနဲ့ပဲ.......
                     ဒါနဲ့ပဲ.........
စံပယ်တွေပျိုးရင် တမိုးသစ်သစ်သွားတယ်
အချစ်ဟာ ဘာ / ညာ
ဒီလိုမာယာတွေကြားမှာ အခါခါပြုတ်ကျ
ဘယ်လိုမုန်တိုင်းမျိုးပါလဲ....
တစ်တောလုံးဝေ တစ်တောင်လုံးမွှေးတာတောင်
သူမကျမှ................
ဘယ်လိုမုန်တိုင်းမျိုးပါလဲ...
မျှော်လင့်ချက်တွေနဲ့ အထပ်ထပ်ချယ်မှုန်းခဲ့တဲ့သက်တန့်
ပြိုပျက်သွားပုံကိုက ရိုင်းစိုင်းလွန်းတယ်
အလိုမကြီးတာတောင် အရနည်းတယ်......
တခဏတာရင်းပြီး တစ်ဘ၀စာခါးသီးခဲ့ရတဲ့ဒဏ်ရာ
ပြန်ရှာကြည့်ရင်တောင် သစ်ရွက်တွေလိုမပေါ့ပါးဘူး
ကြွေလွယ်တဲ့ဒီပွင့်ဖတ်တွေကိုမှ
လရောင်ဆမ်းတဲ့ဓါးသွားတွေနဲ့လာလာ
သပ်
ကြာတော့လဲ
ဝတ်မှုန်တွေတောင် နာကျင်မြေ့ဆွေးလို့...
အချိန်မတိုင်ခင် ချေမွအပစ်ခံရတဲ့ အငုံအဖူး
ထပ်ပြီးရင့်ဖူးမလာတော့တာ ဘာဆန်းလဲ
ဒီလိုနဲ့............
                          ဒီလိုနဲ့..................
ဒုက္ခပေါ်ပန်းတွေထပ်ပွင့်တယ်..
မှောင်တယ်
..............................
...........................
.........................................................
               ဘာနဲ့မှမတူအောင်ကို
                                                     မှောင်တယ်......
She is..........
...(1)...
 No new wave
No change of age
Nothing to think extensively
Nothing to flinch drastically....
...(2)....
Rainy season higher than her statue
Whole of the surrounding,
green leaves fill with whistling...
Otherwise,
the tree she's leaning on has no security....
...(3)...
She is notorious grasshopper...
She did.....
She did store " The Platonic love"...
for her snow season.
But it's in vain
and varnish with the wind.....
....(4)....
She is a pliable flower.
"Do you think i can't blossom again?",she roars...
Still.....
the spring of thorns are blocking in her throat....
no... it's doesn't matter anyway....
Each side of the larynx-bone,
she bloom daringly thorns-thick rose....
at the top of the thorns.
....(5)....
She is a coward warrior.
She suggested that the love what she'd known
... will be more thrilling than
the battle she'd not faced yet....
And...she mailed the white dove
now........ waiting for the reply.....
....(6)....
She wants to open the pandora's box
with her poems she create...
When she whistles,
the sky lip's will turn to be fatal.
When she throws the stars she sharpened,
the whole era will come to be movable....
....(7)....
Playing this old tune,
She paints her sky by red
and .... her ground by blue...
she claps...... and claps ....
                                             in arrogant way...
Till she come to realize it's no longer easy
to come down the whole age
..... only by her clap-sound.
Then, she descends on flowers and....
                                                                 k...i...l...l    h..e...r...s...e...l..f
to engrave the invincible poem on the stone.....
ANNA
ပျောက်ဆုံးခဲ့ပြီးဖြစ်သော ဒိုင်ယာရီစာမျက်နှာများ(၂)
ကျွန်မသည် ပုံပြင်ကြိုက်ပါသည်။
သူသည်ပုံပြော
ကောင်းပါသည်။ထိုသို့ဖြင့် သူနှင့်ကျွန်မတွေ့ဆုံခဲ့ပါသည်။
"နင်ဘာလို့ငါ့ကိုချစ်တာလဲဟင်"
ကျွန်မမေး၍သူဖြေပါသည်။
"ငါဘာလုပ်လုပ်ခွင့်လွှတ်တတ်တဲ့နင့်စိတ်ထားလေးကိုချစ်တာ..နင်ကေ၇ာငါ့ကိုဘာလို့ချစ်တာလဲ"
သူမေး၍ကျွန်မဖြေပါသည်။
"ဟင့်အင်း..ငါမသိဘူး..ငါချစ်တာအကြောင်းပြချက်မရှိဘူး...အကြောင်းပြချက်တခုကြောင့်ချစ်တာဆိုရင်အဲ့ဒီ့အချစ်က မခိုင်လုံတဲ့အချစ်။ဥပမာဟာ လှလို့ချစ်တာဆိုရင် မလှတဲ့နေ့က
နင်သူ့ကိုမချစ်တဲ့နေ့ပေါ့
..အဲ့ဒါကြောင့်ငါ့အချစ်မှာဘာကြောင့်ဆိုတာမရှိဘူး..နင်ဆိုတဲ့ပကတိတန်ဖိုးကိုချစ်တာ..
နင်ဆိုတာဖြစ်တည်နေသရွေ့ငါချစ်နေမှာ"
သူပြုံးပါသည်။ထိုသို့ဖြင့် အိမ်မက်ရနံ့များထိခတ်မှုဖြင့် ကျွန်မ၏နေ့ရက်များ အပြာရောင်တောက်ဖူးပါသည်။
ကိုယ်မင်းကိုချစ်တာ
ပုံပြင်တစ်ပုဒ်လို
သဘောထားလိုက်လို့ရတယ်
ငါကိုယ်တိုင်က
အဲဒီပုံပြင်တွေကို
တရှိုက်ရှိုက်မက်မက်စွဲလန်းလွန်းနေတာကိုး ။
.........................................................................................................................................................
သူပြောသောပုံပြင်များဖြင့် ကျွန်မအိပ်ရာဝင်ပါသည်။
သူပြောသောပုံပြင်များဖြင့် ကျွန်မအိပ်ယာထပါသည်။ထိုပုံပြင်
များဖြင့် ကျွန်မ၏နေ့ရက်များအားမောင်းနှင်ပါသည်။မှောင်မိုက်နေခဲ့သောကျွန်မ၏ညများအတွက်မူသူပေးသောဘောပင်တထောက်စာ
အလင်းတန်းလေးသည် လုံခြုံနွေးထွေးပါသည်။သို့သော် အောင်မြင်သောပုံပြောဆရာတို့၏ထုံးစံအတိုင်း သူ့တွင်ပရိသတ်များစွာရှိလေသည်။
"ယောက်ျားလေးပဲဟာ နဲနဲတော့ရှုပ်မှာပေါ့....အသားမြင်လို့မစားတဲ့ကျားမျိုးရှိရင်နင်ငါ့ရှေ့ခေါ်လာပြ..
အချိန်တန်အိမ်ပြန်လာရင်ပြီးတာပဲမဟုတ်လား"
ဟင့်အင်း။မပြီးပါ။ကျွန်မအတွက် တစ်ဘ၀လုံးပေးထားသောယောက်ျားတယောက်အတွက် တသက်စာနားလည်မှုဖြင့်ချစ်ရန်အဆင်သင့်ရှိသော်လည်း အချစ်ကိုအဖျော်ဖြေခံအတန်းအစားထဲတွင်ထည့်သွင်းထားသော ယောက်ျားတယောက်အတွက်မူ နားလည်မှုတပွေ့တပိုက်ဖြင့် သူ၏အိမ်အပြန်ကိုစောင့်နေရန် ယုံကြည်ချက်
ကျွန်မတွင်မရှိပါ။ အချစ်သည် ကျွန်မနှင့်ဝေးကွာလွန်းသည် ဟုခံစားရပါသည်။
အဘိဓမ္မာမဆန်လောက်ပါဘူး
ငါ့မျက်ရည်နဲ့ ငါစိုက်ပျိုး
အကွေ့အကောက်ပါမှ
လမ်းဖြစ်တယ်တဲ့လား..... ချစ်သူ
ကျွန်မသိထားတာက
ချစ်သူကို
ထာဝရချစ်ဖို့နဲ့
သစ္စာရှိဖို့ပဲ ။
......................................................................................................................................
တိမ်တိုက်များအတွင်းမှချောကလက်ရောင်ချစ်ခြင်းများဆီသို့ ယုံကြည်ချက်တခုတည်းဖြင့် ရင်ကွဲမတတ် ပျံသန်းခဲ့ဖူးပါသည်။သို့သော်
အစိမ်းရောင်သန်းသောလေညှင်းများန
ှင့် နောင်တများဖြင့်ဖွဲ့စည်းထားသော နွေဦးရာသီ များကသာ ထိုဌက်ကလေးအားကြိုဆိုဖော်ရပါသည်။ရလာဒ်မှာ မျှော်လင့်ချက်များအပိုင်းပိုင်းပြတ်တောက်လျက် ပျံသန်းရာလမ်းကွေ့ကောက်မှုန်ဝါးနေခြင်းဖြစ်သည်။မိုးထိအောင်သစ်ရွက်လှေခါးထောင်၍တတ်ချင်သော၎င်း၏စိတ်ကူးယဉ်မှုများကြောင့်ဖြစ်မည်ထင်သည်။
ငါအထပ်ထပ်ရေးခြစ်ခဲ့တဲ့
ပရိယာယ်မဲ့ နားလည်မှုတွေက ဘာကြောင့်များ
ငါ့ကိုချုပ်နှောင်ထားတာလဲ
တစ်ကယ်တော့
ပျောက်ဆုံးနေတဲ့ လမ်းတွေလို
ဆက်လျှောက်ဖို့မလိုတော့ပြီပဲ ။
ယခုအခါတွင်တော့ ထိုအပြာရောင် ဌက်ကလေးသည် မောပန်းနွမ်းနယ်လျက်ရှိပါသည်။
လွန်ခဲ့သောသုံးနှစ်ခန့်က ရေးသားခဲ့ဖူးသော စာတပုဒ်အားအမှတ်တရအဖြစ်ပြန်တင်ပါသည်။
ပါဝင်ကူညီရေးသားပေးသော  ကိုကြီးအမည်မဲ့ ကိုလဲ ကျေးဇူးအထူးတင်ပါကြောင်းး)
NASTIC RESPONSE
NASTIC RESPONSE ......
အလှပဆုံးသော ရက်စွဲတွေကို
မှင်တစ်စက်တည်းနဲ့ ဝေမျှမှတ်ခဲ့ရသူ….
ယုံကြည်မှု့ တွေ ပျောက်ရှခဲ့တဲ့
လှေကားအဆင်းလက်ရင်းအမှတ်
လွတ်ထွတ်သွားတဲ့ ဘဒ္ဒကမ္ဘာတစ်ခုသာသာ
သူ့ ရဲ့ လက်တစ်ဆစ်စာကို
အနာတစ်ထပ်ပန်းတစ်ထပ်နဲ့ ဝေမျှမှတ်ခဲ့ရသူ
ဘ၀မှာ ခွဲခဲ့ရတဲ့
သမုဒယ လမ်းလွှဲလေးတစ်ခုပဲထင်တယ်
ညတွေဟာသူများထက်ပိုလှတယ်
ပိုပိုသာသာညတွေမှာ
သူများထက်ပိုရတယ်
ဆိုတေးမရေးဖွဲ့ မီ
နင့်ကိုငါ လာမတွေ့ မီ
ငါ့ကိုနင် တွေ့ ဖို့ မလာနဲ့
နဂါးငွေ့ တန်းတစ်ခုလုံးကို အပြီးသတ်စားသုံးလိုက်တဲ့
စက္ကန့် အနည်းငယ်စာ အိပ်မက် နှစ်ခုပါပဲ
ငါ့ရဲ့ အနာဂတ်ကိုသူရတယ်
သူ့ ရဲ့ အနာဂတ်က ပိုလှတယ် 
ပျော်ဝင်သွားခဲ့မိတုန်းကတော့ ငါဟာငါမဟုတ်တော့သလို
သူ့မျက်တ၀င့်မှာ
နှင်းရည်စိုလူး အိမ်မက်ဦးကို
ရက်ရာဇာနဲ့နှိုင်းပြခဲ့ဖူးသူ...
ခဲဖျက်တစ်တုံးလို အသုံးချခံရတာတောင်
နင့်ဝါကျတွေလှပပါစေရယ်လို့သာ
ဆုတောင်းပေးဖို့သိသူ...
စကားထာလိုကိုယ့်ကိုယ်ကိုယ်ပြန်ပုန်းရင်း
အဲ့ဒီ့ပါးချိုင့်လေး တခုအတွက်ဆို
ရာသီတွေကိုတောင်အရောင်ပြောင်းပစ်ချင်ခဲ့သူ....
မြင်စေချင်တဲ့နေရာတိုင်းမှာ သံယောဇဉ်မှတ်တိုင်တွေစိုက်ထူ
 စက္ကူ ဖြူအပြုံးတချက်သာပေး
သူမနှလုံးသွေးကိုမှင်ရေလုပ်လို့
နင့်အတွက် ကဗျာတပုဒ်ရေးထုတ်ပြဖို့
ဝန်မလေးသူ...
     ...........သူ .........
..................သူ................
.................................. သူ ................................
ဝမ်းနည်းပါတယ်......
                       သူမ..................
                                                      သေဆုံးသွားခဲ့ပါပြီ
                                 ဇက်ကကြိုး                              &                                                        အန်နာ