Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS
Showing posts with label မောင်မိုးမြင့်(တာယာ). Show all posts
Showing posts with label မောင်မိုးမြင့်(တာယာ). Show all posts

ကို ယ် ပို င် အ ကု သို လ်

င ရဲ ေ တြ ေ တ ာ့ ၾကီ း ကု န္ ေ တ ာ့ မ ယ် ထ င် ပါ ရဲ့

အိ မ်ေ ထာ င် မ ပြု ပဲ သား သ မီး လို ချ င် တဲ့ေ ရာ ဂါ က

သိ သိ သာ သာ ဆိုး ရွား လာ တ ယ်

ရ ေ သ့ စိ တ္ ေ ျဖ ေ ပါ့

ေ က် ာ င်း ဆ ရာ ဘ ၀ မှာ

အိ မ် မ က် ေ တြ ပဲ့ ပဲ့ က် လ ာ

အ ေ ဖ...

က် ေ နာ့် ရွှံ နွား ရု ပ် ေ လ း မွ ာ ဘို ႔ပါ မ လ ာ ေ တ ာ့ ဘူ း ။ ။


  - ေ မ ာ င် မိုး မြ င့်

၎.၉.၂၀၁၀

ကိုယ်ဟာ ကမ္ဘာကြီးရဲ့ သွေးပြန်ကြော တစ်ချောင်းပဲ

အရေပြားအနှံ့ မီးလောင်ဖုတွေ ပေါက်နေသလို
စိတ်က အဖတ်လိုက် ကွာကျလာ
စိုးရိမ်မှု့တွေ သောကတွေနဲ့ အာခေါင်တစ်လျှောက်
လက်ဖျား လက်သည်းခွံကြားထဲအထိ
ကိုယ် အေးစက် နာကျင်နေခဲ့ရ ။

သွေးသား ၊ ငွေကြေး ၊ ချစ်ခြင်းမေတ္တာ ၊ အဆင့်မှီ လူ့အဖွဲ့အစည်း
အပြုသဘောဆောင် အသက်အရွယ် အပိုင်းအခြား
" ကျုပ်ကတော့ ကျုပ်ကိုယ်ကျုပ်ကလွဲရင်
  ဘာကိုမှ သိပ်အယုံ အကြည် မရှိလှပါဘူး "
လူကို ငွေကြေးနဲ့ မျှားမယ် ဒါမှ မဟုတ်
ငွေကြေးကို လူနဲ့ ပြန်မျှားမယ် ။

ကစဥ့်ကလျား စိုးရိမ်မှု့တွေ ပူးကပ်ပျော့ခေါက်
အာခေါင်ထဲက နှိုက်ထုတ်လိုက်ရတဲ့
ခေတ်ရဲ့ လိုအပ်ချက် တောင်းဆိုမှု့တစ်ချို့
အကျိုးအကြောင်း အဆိုးအကောင်းတွေပါပဲကွယ်
အသက်ရှင် နေထိုင်မှု့ ပုံရိပ်က တစ်စ တစ်စ
မှုံရီေ၀၀ါးလာခဲ့
ကားဟွန်းသံတွေရဲ့ အောက်မှာ
ကျနော့်အပေါ်ထားတဲ့ အမေ့မျှော်လင့်ချက်
ထုနဲ့ ထည်နဲ့ကို အရည်ပျော်ကျလုပြီ ။

ကိုယ်ဟာ ကမ္ဘာကြီးရဲ့ သွေးပြန်ကြော တစ်ချောင်းပဲ
Science is the Gods,
ရုပ်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှု့တွေကို
အားပါးတရ ရယ်မောပစ်လေ့ရှိတယ် ။

ယုံကြည်မှု့ လွန်ကဲခြင်း ဖြစ်စဉ်မှာ
အရင်းအနှီးတွေ အရမ်းများတာပဲ မြို့မလေးရယ်
အဲ့ဒီ လျှာ ဖျား လေး ပေါ့
ကြိမ်လုံးဖြစ်လိုက် ၊ ဓားသွားဖြစ်လိုက်
ဘာသာ ဗေဒရဲ့ အသိမ့်မွေ့ဆုံး ကူးလူးမှု့
အရှိတရားဟာ အပေါစား အရက်တစ်ခွက်ပဲ
တန်ဖိုးနိမ့်ကျခြင်း ၊ အရသာ ပျက်စီးခြင်း ၊ ပုံမှန် မဟုတ်ခြင်း
အနုတ်လက္ခဏာတွေနဲ့ ပြည့်နှက်နေတဲ့
ေ ဘ း ထြ က္ ဆို း က်ိ ဳ း မ ေ လ း
သက်ကွင်းထဲရောက်အောင် လာခဲ့မယ် ။          ။



- မောင်မိုးမြင့်
၁ ၆ ၂ ၂ ၀ ၁ ၂

ထန်းခြောက်ပင်

ကတ္တရာလမ်း ခပ်မဲမဲတွေ ဆုံတာပါပဲ

ထသွား ထလာ ယဉ်ကျေးမှု့နဲ့ လူငယ်တွေ

ဖွဲနဲ့ပက်သလို တဖွဲဖွဲ ၀ဲ ကျလာတယ်

ဆောင်းဝင်စရက်တွေမှာ နှင်းကိုစတင်တွေ့ရှိသူဟာ

ဓားနဲ့ခြစ်ထားတဲ့ အမှန်တရားကို လက်ဆောင်ရခဲ့မယ် ။

တကယ် ပျော်နေခဲ့တာ အမှန်လား

အမှန်က တကယ် ပျော်ကျသွားတာလား ။

လူငယ်တစ်ယောက်ရဲ့ ရင်ခုန်သံဟာ

အရောင်တောက်ပြီး အရမ်းထိခိုက်လွယ်နေခဲ့တယ် ။

ဘေးလွယ်အိပ်ကလေးထဲမှာ သူ့ဓာတ်ပုံလေး

ထွန်းရွှေရောင်နဲ့ ဗံဒါပင်ဟာတွဲပြီး ညနေက သန့်စင်လွန်းအားကြီးတယ် ။

အမှတ် ( ၅၇ ) ဗိုက်ပူ သစ်သားဘက်စ်ကားအိုကြီး တစ်စီး

အချစ်ကဘောလုံး အသင်းတွေကို မသိဝူး

အရပ် နည်းနည်း ပုတယ်

မုန်တိုင်းတစ်ဝက် ပန်းတစ်ဝက်နဲ့  "ဂျစ်ပစီ" လို့ ကျနော့်ကို ခေါ်တယ် ။

ငုံးဥပြုတ် ကျွေးပြီး ကောင်မလေး တစ်ယောက်ကို လက်ကိုင်ချင်တာဟာ

သွေးရိုး သားရိုး အမှား တစ်ခုဖြစ်ကြောင်း

ရန်ကုန်-မန္တလေး အမှတ်(၄) လမ်းမကြီးပေါ်မှာ မှတ်သားထားမိခဲ့

မိုးတွေ ရွာတယ်

နေတွေ ပူတယ်

နှင်းတွေ ကျတယ်


သဘာဝ အလှတရားတွေထဲမှာပါလာတဲ့ ဘေးထွက်ဆိုးကျိုးရဲ့ နာမည်

 "ညီမလေး"

လက်ရေး ၀ိုင်းဝိုင်းလေးတွေနဲ့ ပေးခဲ့တဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးသတ်မှတ်ချက်

ခေတ်ပေါ် ဟစ်ဟော့သီချင်းစာသား တစ်ပိုင်းတစ်စ

ပဲခူးမြို့အလွန်မှာ ဖိနပ်မစီးတာ သေရာပါ နာကျင်မှု့ဖြစ်ခဲ့တယ် ။

ခဏ ခဏ လွမ်းရအောင်

ချစ်သူတွေ ခဏ ခဏ နမ်းကြတာလား

ယုန်မလေး

ပွတ်သပ်ကြည်စယ်တက်တဲ့ လက်ဗွေရာတွေ ပြန်ပေးပါ

လမ်းမကြီးကတော့ အရင်လို ခပ်မဲမဲပါပဲ

ကားတွေ ပိုများလာတယ်

၅၀ ပေးရင် ကြိုက်သလောက် စီးလို့မရတော့ဘူး

လမ်းထိပ်က ပိတောက်ပင်ကြီး တော်တော် အိုနေပြီ ။

ကမ္ဘာကြီးလည်း ပြားသွားပြီ

လမ်းတွေလည်း ကောင်းကောင်း မှတ်မိနေပြီ

ပြောင်းလဲခြင်းတွေ နောက်မှာ ကျန်နေသေးတာက

ဆံပင် အရှည်တွေရယ် ၊ ရေခဲမုန့် နှစ်ခွက်ရယ်

အရှက်သည်းသည်း အိမ်မက်တွေရယ်

ဆေးလိပ် မဖြတ်နှိုင်သေးတာရယ်

ဒီလောက်ပါပဲ

အဲ့ဒီ မှတ်တိုင်မှာ ကျနော် ဆင်းပါရစေ

ထ န်းေ ခြာ က် ပ င်   ။                         ။



- မောင်မိုးမြင့်
၈ ၇ ၂ ၀ ၁ ၁

စန္ဒီ စိုးဝင်း၏ ညာဘက်ခြေထောက်

မေလရဲ့ ပထမအပတ်မှာ အကြည့်တစ်ချက်နဲ့
တစ်ကိုယ်စာမြေကြီးတွေ ပါးစပ်ဟသလို ပက်ကြားအက်ကုန်တယ်
မှောက်ဖဲ တစ်ချပ်ကို အေးအေးလူလူ လှန်ပြတော့
အပွင့်မပါပဲ မျက်ရည်စတွေ ထွက်ကျလာခဲ့
အဲ့ဒီနေ့ကစပြီး
ညာဘက်လက်နဲ့   ငါ့ကိုယ်ငါ သော့ခတ်ပစ်လိုက်တယ် ။            ။

အသက်ထွက်ရန် (၅) မိနစ်သာ လိုတော့သည်

တိမ်တွေ တိမ်တွေ ဝေနေလိုက်ပုံများ
ခြေချစရာတောင် နေရာလွတ်မရှိ
နားရွက်ဖျားမှာ ချိတ်ဆွဲထားတဲ့ ဆန္ဒ
လိုင်းကားတိုးစီးရတဲ့ ဒုက္ခ
အရောင်မတူတဲ့ အရေပြားပေါ်မှ
စိမ့်ထွက်လာတဲ့ ချွေးဟာ အနံ့တော့ မပြောင်းဘူး ။

အေးစက်သော မြို့ကလေး
ရန်ကုန်နဲ့ ဆောင်းယောင်ဆောင်သော ဆောင်း
မကြားဝံ့မနာသာ ပြောဆိုဆက်ဆံမှု့အောက်မှာ
အဝေးပြေးကားလက်မှတ်လေး တွန့်ကြေသွားခဲ့ ။

ငါမရူးဘူးဆိုတဲ့ အရူးများ
အဘိဓမ္မာအရ ရိုက်သွင်းခြင်းခံထားရသော
စိတ်
ပိတ်နေတယ်၊ တိတ်နေတယ်၊ အိပ်နေတယ်
နှိုင်ငံခြားကော်ဖီတစ်ခွက် အတွက်
စက်ရုံမှာ အလုပ် သုံးရက်ဆင်းပါ
မကြာ ခဏ ဘုရား ၀တ်ပြုပါ
စပါးပေါ်လျှင် ထီထိုးရမည်
ထီပေါက်ရင် ထော်လာဂျီ တစ်စီးနဲ့
လယ် ဧက နှစ်ဆယ်လောက် ၀ယ်မည် ။

သူဌေးဝါဒ သီချင်း
ကာရာ အိုကေ စက်
တစ်သက်လုံး မတ်တပ်ရပ်နေသည့် ဓာတ်တိုင်များ
အောက်ဆီဂျင်အား ၀၀ ရှူပါ
ရေနံဆီမီးခြစ်နှင့် နုယူကလိယား ဓာတ်ပေါင်းဖိုကြား
အိမ်မက်တို့ မက်ထားနှင့်ကြ ။

အရေပြားထဲမှ ဖောက်ထွက်လာသော
သွေးဆာနေသည့် အရိုင်းဝါကျ
ငါးထောင်ကျပ်တန် ငွေ စက္ကူ
တဆတ်ဆတ် တုန်ရီမေ့မော
ချစ်သူတွေပြောတဲ့ သစ္စာစကားဟာ
ရက် အပိုင်းအခြား ရှိတယ် ။

အရက်သည် အရက်အတိုင်းထားပါက
အနံ့ထွက်နေသော အရည်သာဖြစ်သည် ။

လှလွန်းသော အမျိုးသမီးကြောင့်
မိမိ ကိုယ်တိုင်
ကတ္တား ဖြစ်လိုက် ၊ ကံ ဖြစ်လိုက်
ခေါင်းကိုက်နေသော ဒီကိုဂျင် ဆေးပြား
အမေ့ဆီ မရောက်ခင်
ပဋိသန္ဓေ တားဆေးနဲ့ တွေ့လို့
ငိုနေတဲ့ ကလေးတွေရဲ့ အသံ
မှန်တစ်ချပ်ဟာ
အလင်းပြန်မှု့ သီဝရီလား ။

လှီးထုတ်ပစ်ချင်မိသော
စိတ်အပိုင်း အစများ အတွက်
သက်ငြိမ်မှု့   နှင့် ကိုယ်ခန္ဓာအချိုးကျကျ မိန်းမတစ်ယောက်
ဒါလောက်ပဲလိုမယ် ။

အမေ ၊ မိန်းမ ၊ သားလေး
အားလုံး ဘေးမှာထိုင်
နံရံတွေ ပွင့်ထွက်လာပြီ
ကိုယ့်ပါးစပ်ကို ကိုယ့်လက်နဲ့ ပိတ်ရတာ
သိပ်တော့လည်း မလွယ်လှပါဘူး ။

ဘွဲ့လက်မှတ်တွေ မီးရှို့ပေးပါ
လောင်မြိုက်ခြင်းဟာ အရသာ တစ်မျိုးပဲ
ကိုယ်ကတော့ ခရီးဆီရောက်နှင့်ပြီ
လမ်းတစ်လျှောက်လည်း ပျဉ်းမပန်းတို့ ဝေလို့ပေါ့  ။             ။

ကဗျာဆရာရဲ့ ငါးမလေး


ကဗျာဆရာရဲ့ ငါးမလေး
.............................

မျက်ရည် စက်လက်နဲ့ ဓားတစ်လက်ကို ပြောင်းပြန်ကိုင်
ပန်းနုရောင် ကြက်ခြေခတ်ကို တယုတယ လှီးဖြတ်
သူ့မှာ အသွားနှစ်ဖက်နဲ့....
အတိတ်ရဲ့ နဖူးပြင်မှာ ကျည်ဆန်ပေါက်တစ်ခု ရခဲ့တယ်။



စိတ်လို လက်ရ ပန်းပင်စိုက်တယ်...
အတ္တတွေစူးလို့ ပန်းမပွင့်ဘူး ( ရာသီလွဲနေ၍ ဖြစ်လိမ့်မည် )
ရုပ်ရှင်ရုံထဲကလို အနံ့ခပ်ပြင်းပြင်း
ကဝေနုတ်ခမ်းနဲ့ အနမ်း နှစ်ပွင့်ပဲ ပွင့်တယ်။



အီလက်ထရောနစ်ခေတ်ထဲမှ တစ်ဦးတည်းသော ပဒေသရာဇ်
ခေတ်မှီ အတွေးအခေါ်နှင့် ရှိတ်စပီးယားကို အမှားခြစ်
သူမသည်...မိုးဦးပေါက် တိမ်စိုင်မျှသာဖြစ်၏ (ကျနော့် အထင်)
ယဉ်ပါရဲ့၊ အေးပါရဲ့၊ နွေးပါရဲ့၊ မှုန်ပြပြမွှေးပါရဲ့
အတောင်ပံ တစ်ဖြတ်ဖြတ်ခတ်လို့....
သောက်လေ ငတ်မပြေတဲ့ ပင်လယ်၏ ခံတွင်းဝဆီ။

မောင်မိုးမြင့်(တာယာ), 
 ၄.၅.၂၀၁၀

အရက် ၀ိုင်း


အရက် ၀ိုင်း
.................

နေ၀င်ချိန်၊ စားပွဲဝိုင်းနဲ့ ခွက်ခြောက်ခွက်
ဝိုင်းက အဲ့ဒီက စတယ်
သောက်တယ် ဆက်ပြီး စားတယ်
တစ်ချို့ ကအရေပြားပေါ်မှာ ဆေးမှင်ကြောင်နဲ့
တစ်ချို့ က ခြေဖ၀ါးအောက်မှာ ဖင်ပါးနေတယ် ဖိနပ်တွေနဲ့
ခေတ်ပေါ် အမြင်တွေလည်း ဝေစားတယ်
ရင်ဘတ်ခြင်း မီးခတ်ကြ
ကြွက်ကြော်မရလို့
အာပြဲခြောက်လေးတွေပဲ မျှစားတယ်
သဘာဝ မကျဘူးဆိုလည်း ရှိစေတော့
ဆိုးဆေးမပါတဲ့ စိတ်ခံစားမှု့ကို ခွံကျွေးဖို့
ယဉ်ကျေးပြစရာ မလိုဘူး အကို
အမှန်တရားဟာ ဒီဝိုင်းထဲ
ကျားဖြစ်လိုက် ၊ နွားဖြစ်လိုက် ။ ။
မောင်မိုးမြင့် (တာယာ)

သူတော်ကောင်း


သူတော်ကောင်း

အ သ က် က နှ စ် ဆ ယ် စွ န်း စွ န်း
ေ ပ း တ ာ ယူ ၊ ေ ကၽြ း တ ာ စ ာ း
ဘ ယ် ကို မှ ဆ က် သွ ယ် လို့ မ ရ တဲ့
တ ယ် လီ ဖု န်းေ လး တ စ် လုံး
သူ့ မှာ အ ပို င် ရှိ တ ယ် ။ ။


မောင်မိုးမြင့်