Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

စန္ဒီ စိုးဝင်း၏ ညာဘက်ခြေထောက်

မေလရဲ့ ပထမအပတ်မှာ အကြည့်တစ်ချက်နဲ့
တစ်ကိုယ်စာမြေကြီးတွေ ပါးစပ်ဟသလို ပက်ကြားအက်ကုန်တယ်
မှောက်ဖဲ တစ်ချပ်ကို အေးအေးလူလူ လှန်ပြတော့
အပွင့်မပါပဲ မျက်ရည်စတွေ ထွက်ကျလာခဲ့
အဲ့ဒီနေ့ကစပြီး
ညာဘက်လက်နဲ့   ငါ့ကိုယ်ငါ သော့ခတ်ပစ်လိုက်တယ် ။            ။

အသက်ထွက်ရန် (၅) မိနစ်သာ လိုတော့သည်

တိမ်တွေ တိမ်တွေ ဝေနေလိုက်ပုံများ
ခြေချစရာတောင် နေရာလွတ်မရှိ
နားရွက်ဖျားမှာ ချိတ်ဆွဲထားတဲ့ ဆန္ဒ
လိုင်းကားတိုးစီးရတဲ့ ဒုက္ခ
အရောင်မတူတဲ့ အရေပြားပေါ်မှ
စိမ့်ထွက်လာတဲ့ ချွေးဟာ အနံ့တော့ မပြောင်းဘူး ။

အေးစက်သော မြို့ကလေး
ရန်ကုန်နဲ့ ဆောင်းယောင်ဆောင်သော ဆောင်း
မကြားဝံ့မနာသာ ပြောဆိုဆက်ဆံမှု့အောက်မှာ
အဝေးပြေးကားလက်မှတ်လေး တွန့်ကြေသွားခဲ့ ။

ငါမရူးဘူးဆိုတဲ့ အရူးများ
အဘိဓမ္မာအရ ရိုက်သွင်းခြင်းခံထားရသော
စိတ်
ပိတ်နေတယ်၊ တိတ်နေတယ်၊ အိပ်နေတယ်
နှိုင်ငံခြားကော်ဖီတစ်ခွက် အတွက်
စက်ရုံမှာ အလုပ် သုံးရက်ဆင်းပါ
မကြာ ခဏ ဘုရား ၀တ်ပြုပါ
စပါးပေါ်လျှင် ထီထိုးရမည်
ထီပေါက်ရင် ထော်လာဂျီ တစ်စီးနဲ့
လယ် ဧက နှစ်ဆယ်လောက် ၀ယ်မည် ။

သူဌေးဝါဒ သီချင်း
ကာရာ အိုကေ စက်
တစ်သက်လုံး မတ်တပ်ရပ်နေသည့် ဓာတ်တိုင်များ
အောက်ဆီဂျင်အား ၀၀ ရှူပါ
ရေနံဆီမီးခြစ်နှင့် နုယူကလိယား ဓာတ်ပေါင်းဖိုကြား
အိမ်မက်တို့ မက်ထားနှင့်ကြ ။

အရေပြားထဲမှ ဖောက်ထွက်လာသော
သွေးဆာနေသည့် အရိုင်းဝါကျ
ငါးထောင်ကျပ်တန် ငွေ စက္ကူ
တဆတ်ဆတ် တုန်ရီမေ့မော
ချစ်သူတွေပြောတဲ့ သစ္စာစကားဟာ
ရက် အပိုင်းအခြား ရှိတယ် ။

အရက်သည် အရက်အတိုင်းထားပါက
အနံ့ထွက်နေသော အရည်သာဖြစ်သည် ။

လှလွန်းသော အမျိုးသမီးကြောင့်
မိမိ ကိုယ်တိုင်
ကတ္တား ဖြစ်လိုက် ၊ ကံ ဖြစ်လိုက်
ခေါင်းကိုက်နေသော ဒီကိုဂျင် ဆေးပြား
အမေ့ဆီ မရောက်ခင်
ပဋိသန္ဓေ တားဆေးနဲ့ တွေ့လို့
ငိုနေတဲ့ ကလေးတွေရဲ့ အသံ
မှန်တစ်ချပ်ဟာ
အလင်းပြန်မှု့ သီဝရီလား ။

လှီးထုတ်ပစ်ချင်မိသော
စိတ်အပိုင်း အစများ အတွက်
သက်ငြိမ်မှု့   နှင့် ကိုယ်ခန္ဓာအချိုးကျကျ မိန်းမတစ်ယောက်
ဒါလောက်ပဲလိုမယ် ။

အမေ ၊ မိန်းမ ၊ သားလေး
အားလုံး ဘေးမှာထိုင်
နံရံတွေ ပွင့်ထွက်လာပြီ
ကိုယ့်ပါးစပ်ကို ကိုယ့်လက်နဲ့ ပိတ်ရတာ
သိပ်တော့လည်း မလွယ်လှပါဘူး ။

ဘွဲ့လက်မှတ်တွေ မီးရှို့ပေးပါ
လောင်မြိုက်ခြင်းဟာ အရသာ တစ်မျိုးပဲ
ကိုယ်ကတော့ ခရီးဆီရောက်နှင့်ပြီ
လမ်းတစ်လျှောက်လည်း ပျဉ်းမပန်းတို့ ဝေလို့ပေါ့  ။             ။

တစာစာအော်သံအစွဲနဲ့  လဲကျသွားမယ့်တံတိုင်းလျှောက်သမား အဖွဲ့ အလွန် ပြောင်းပြွန်ဝမှ

နံရံကို လက်ဖျံရိုးချိုးပြီး ခပ်စပ်စပ်လေးထိုးပြလိုက်တယ်
ဒါသက်မဲ့တစ်ကောင်ရဲ့ ပုန်ကန်မှု့  ပြန်ကန်ထွက်လာတာကိုက
lisible အတုပဲ….နည်းနည်းတော့ဖုသွားတယ်

မျက်လုံးတွေအောက်မှ ဂုဏ်ပျောက်လို့ တော့မဖြစ်
မသိမသာ ခပ်တိုးတိုးဆဲဆိုမိတော့
အာရုံမပြောင်းတဲ့ ပဲ့တင်သံက လက်ခုပ်သံလား..အမြောက်သံလားမကွဲပြားတာတွေကို တအူအူထုပ်လွှင့်
အသေအကြေ ပြန်နားမိတဲ့ အတ္တနောမိစကားတွေကိုဆို
မျက်လုံးတွေ ငိုသွားတော့မှ နည်းနည်းလေးဂုဏ်မောက်နေရာကကိုယ်ယောင်ဖျောက်လိုက်တယ်

အားတဲ့အချိန်တိုင်း မသိစိတ်ကိုချေးချွတ် မှန်ကူကွပ်တပ်ဆင်
ရာဇ၀င်ထဲက အနိုင်ကျင့်တက်တဲ့ မိန်းမကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ၀ါးစား
နဖူးရည်ဘယ်လောက်..ဒူးရေဘယ်လောက် သေချာစစ်ဆေး
ပြီးမှ မျက်လုံးသေးသေးလေးတွေနဲ့  ကြိုးစွဲပြီး ပြန်တက်လာတယ်


လရောင်ကိုရှောင်သူတစ်ယောက်အဖြစ်နာမည်ကြီးလာ
အရိပ်မှာကျောကုန်းမမြင်ရတဲ့မိစ္ဆာတစ်ကောင်ပဲ
ဝိုင်းဖွဲ့ စစ်ဆေးနေတဲ့ကလေးတွေကြားမှာလည်း အနေမကြုံ့ လားမေးတော့
ငယ်ဂုဏ်လေးအေးအေးလူလူဖုန်သုတ်ခွင့်ရတာပေါ့ဗျာတဲ့

သေရော !  မေးသူသာပြောင်းသွားတယ်
 သူကတော့ ဒီတစ်ခွန်းတည်းနဲ့  ဂျက်တွေ..ပတ်လမ်းကခွဲထွက်လာတဲ့ ဂြိုလ်တွေ... စက်တပ်ယဉ်မှန်သမျှ
အို..အုတ်တံတိုင်းကိုတောင် ကြိုးတပ်ပြီးမောင်းနှင်
ကြည့်လိုက်ရင် အဲဗားစည်ပင်နေတာပဲ

 အခုဆိုလူတွေက အလင်းရောင်လိုလို့  ကိုယ့်တံခါးမင်းတုပ် ကိုယ့်လက်နဲ့ ဆွဲမဖြုတ်ချင်သလို
ကိုယ့်အလုပ်ကိုယ်လဲမလုပ်ချင်ကြတော့ဘူး
ကိုယ့်လမ်းကို ဆွဲမှောက်ထားပြီး သူများလမ်းမှာမှ
ဖြတ်လမ်းလိုက်ရှာ ပတ်ပင်းတိုးတော့မှ
တူ ......တူ....... ရေ......၀ါး ......ဆိုပြီးတော့ဗျာ….. သိပ်ဟားရတယ်

 ပြောရင်း မိုင်းနပ်(စ်) ဆုံးရင် ပလပ် ပြန်လာလိမ့်ဦးမယ်ဆိုတဲ့
သေသေချာချာကိုဆိုးတဲ့အပြုံးနဲ့  ပါးစောင်မှာ ငုံထားတဲ့ မာမာချာချာ ဒါဒါတွေကို ထုပ်ပြလိုက်တယ်

လက်သည်ရှာမရအောင်လည်း လျော့လျဲနေတာတွေကို ပြန်စွဲတင် ကျကျန်ခဲ့တာမရှိရအောင် ပြန်ကုန်းကောက်
ဝင်ရိုးစွန်းက ရေလပ်ကြားတစ်ခုကို မြင်ရဖို့ အတွက်တော့ သူ့ အောက်စကို လွှတ်ထားရတာပေါ့


                                                                                                                                        ဇက်ကကြိုး

ခိုးတီးတဲ့ သံစဉ် ၊ ကြေကွဲ တဲ့ လက်ခတ်

ရင်တွေကွဲ ..အာခေါင်တွေခြောက်ကပ်လို့ ..
အညိုရောင် အိမ်မက်တွေမက်တယ်
ကြောက်တတ်တဲ့ ကောင်ရဲ့ မြို့ လေးမှာ
ဘယ်တော့ မှမဝေ ..မကြွေတဲ့ ..
သစ်ခြောက်ပင်ကြီးရှိနေလေရဲ့ ...


ခံစားချက်ကိုဓါးသွားတပ်လို့ ....
မားမားဝင့် ဝင့် စင် မြင့် ထက်မှာ..
ပန်းကုံးစွပ်ခံ...သူရဲ ကောင်းဘွဲ့ ..လိုချင်မိပါတယ်.
အဲ့ ဒီကံကြမ္မာရထား ကိုဘယ်ဘူတာကစောင့် ရမလဲ
ချည်ရင်း ငင်ရင်းနဲ့ ...
ကိုယ့် ကိုကိုယ် ပြန်ပျိုးနေမိတာ..


မပြောမပြီး ..မတီးမမြည်တဲ့ ...
ရင်တွင်းဂီတမှာ...
ဘာရစ်သမ်မှမပါဘူး.....
စစ်မှန်သော..ချစ်ခြင်းမေတ္တာအတွက်..
ပါးစပ်က.....ဖွင့် ဟပြောခြင်းကို...
တုန်ခါနေတဲ့ ရင် က...
ခွင့် မပြုဘူး...


ဒီနေ့ ကော ..ဒီလိုပါပဲ...
နေ့ ရက်တွေ ကို သွားကြို...လိုက်ပို့ ..
ဒိုင်ယာရီအဟောင်းထဲ ..စကားလုံးတွေ ကျဲချ..
တစ်ယောက်တည်းညတွေနဲ့ ...
တိမ်တောက်တဲ့ နေ့ တွေထိုင်ကြည့် ...
ယဉ်ယဉ်လေးရူးနေတဲ့ ...ပြက္ခဒိန်မှာ...မှတ်သား..
ခဲခြစ်ရာတွေဟာ...ပြဿဒါးတွေ .ပါပဲ..


ကဲ ..ခင်ဗျားရော..
စည်းတကာ့ စည်းထဲမှာ..ဒီစည်းကျော်ရခက်တယ်ဗျာ..
အဖြူရောင်တွေသုတ်ထားလို့ ..
ဟော..ဒီသံကွန်ချာတွေထဲကကို..
ခံစားချက်..ဖောက်မထွက်နိုင်သေးဘူး


အညိုရောင် မှတ်တမ်းစာအုပ်လေး ..
ကမ်းနဲ့ ဝေးဝေးသွား...
ခံစားချက်တွေ ..စုပေါင်းထုတ်သိမ်း.လို့ 
ရေစာကျွေးလိုက်တယ်..
ထာဝရ ...မျောလွင့် နေပါစေတော့ ..


အိမ်အပြန်မှာ...
အလွမ်းသယ်ချင်နေတဲ့ ..တိမ်တိုက်တွေကို ပန်လာတယ်
ရိုးရိုးရှင်းရှင်းလေးပါပဲ..
ကျွန်တော်
သူ့ ကို
ချစ်
တယ်

ကျွန်တော်
သူ့ ကို
လွမ်း
တယ်



“သက်ဆိုင်သူသာသိပါစေ” လို့ အမည်တပ်ထားတဲ့ ..
စာအိတ် ကလေးကျန်နေသေးတယ်
ဒါလေးတော့ ..
ဝမ်းနည်းမှုအမှတ်တရနဲ့ ..
ကြောက်တတ်တဲ့ ကောင်ရဲ့ ..
ခေါင်းအုံးလေးအောက်မှာ...
နှစ်ပေါင်းများစွာ ဆက်လက်တည် နေပါစေသော်ဝ် ...

ရင်ခွင်ရှိန်း

ခရမ်းရောင် နတ်သမီးနဲ့ အပြိုင်

နာကြည်းမှု မျက်နှာဖုံး ခပ်ပါးပါးလေးပေါ့ .....
လျောခနဲ ..ပြုတ်ကျ....သွားရင်
သူ မတွေ့ ပါစေနဲ့ .......
ခပ်ညံ့ ညံ့ ...ငါ့ ခရမ်းရောင်..တမ်းချင်းလေး....


ဝေးမှသာဝေးရော........
အိမ်မက်တိုင်း...မနက်ဖြန်တိုင်း....ခေတ်အဆက်ဆက်တိုင်း.....
ကောင်းကင်မှာ........
လက်ချင်းချိတ်ဆက်.......
အိမ်မက်တိုင်းရဲ့ ကမ်းနဖူးမှာ...ခြေလေးချကာ....
တိမ်တိုက်လေးပေါ်မှာ.........
ငါ.........အသက်ရှုနေခဲ့ တာပါ.......
တစ်ကယ်တော့ ..ငါဟာရဲတိုက်ဆောက်ချင်နေခဲ့ တဲ့ ကောင်ပါ.....


ကမ်းလင့်တဲ့ လက်တစ်စုံအတွက် ....
ငါ ..မြူခိုးတွေ ..ဝေ..ပြရုံအပြင် ..
ဘာတတ်နိုင်ဦးမှာလဲ.....
မင်း...အစွယ်ပြူးပြူးဘီလူးတွေနဲ့ စစ်ခင်းတဲ့ အခါ...
ငါဟာ ..အရောင်မဲ့ သက်သက် ဖြစ်တာ..သိလိမ့် မယ်...


အပ်ဖျားတစ်ထောက်စာလည်းမဟုတ်ဘူး...
ဟိုး...ဘက်အထိ ..ထိုးသွင်းဒဏ်ရာ...
ပြန်မကောက်နဲ့ တော့ .......
နွမ်းပါးသွားတဲ့ .... ....
အပြာရောင်......သတိရခြင်းတွေ......



လေတိုက်တိုင်းသစ်ရွက်မကြွေတဲ့ သဘောကို....
တတ်သိနားလည်ရဲ့ သားနဲ့ .....
ငါ့ ခြေလှမ်းတွေယိုင်နဲ့ ....
မိုးခါးရေ.ရယ်.......
အားနာပါရဲ့ .......



ငယ်ငယ်တုန်းကကြားဖူးခဲ့ တဲ့ ``နတ္ထိ``.... ဆိုတာ
ဘာလို့ ခုမှ......
ငါ့ ရဲ့ အညိုရောင်...အိမ်ခေါင်လေးပေါ်ခုန်အုပ်.....
ကောင်းကင်ရယ်.....ဆံနွယ်အုပ်တွေဖယ်ပါတော့ ...



အစက်အပြောက်လေးတွေလို...
သေးကွေးစွာနေရင်း......ရက်ရာဇာ အိမ်မက်တွေမက်နေခဲ့ တာ..
အဲဒီလိုနဲ့ ...
ငါ့ နေ့ ရက်တွေ...
မိုးဖွားဖွားလေးတွေ ရွာခဲ့ ပြီ......
မလှောင်ပါနဲ့ ...ပြက္ခဒိန်ရယ်.....



ဖုန်အထူထူ တက်နေတဲ့ ...
ရွှေရောင်မျက်နှာဖုံး တွေကို ကြည့် နေရတာထက်စာရင်....
``လူမိုက်`` ဆိုတဲ့ စကားလုံးကို..
ပန်းဘာသာနဲ့ ..ရေးချင်ခဲ့ တာပါ....
´´မှန်ကန်စွာ မိုက်မဲ ပါရစေတော့ ...´´




ဒီလိုနဲ့ .....
ကိုယ့် ကိုကိုယ်ပြန်ရှာရတော့ ...
အမှိုက်ပုံးထဲ တစ်ဝက်.....ဘုံဆိုင်မှာတစ်ဝက်...
လောက ရဲ့ ဓမ္မသတ် ထုံးကို နားမလည်သရွေ့ ...
တိမ်တိုက်တွေရွေ့ နေတာပဲ မြင်မယ်.....



နောက်ဆုံးတော့ .............
အ၀ါရောင် စာရွက်မျက်နှာတွေလည်း....အက်စစ်ချိုတွေစား..
ခရမ်းရောင်နတ်သမီးရယ်.......
အတောင်ပံ တလွင့် လွင့် နဲ့ ....
ဟော...ဒီမှာ.............
ကိုယ့် တောင်ကုန်းလေးမှာ.........
``အလံ`` စိုက်သွားဦး..........


ရင်ခွင်ရှိန်း