Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

လက်ရုံးတစ်ခုနဲ့အုပ်မိုးမှု့တစ်စုံတရာ မပြုအပ်ခဲ့သော

ကောင်းကင်ရဲ့စာမျက်နှာတစ်ခြမ်းမှာ                                                     
အနက်ရောင်ကျမ်းတစ်ပိုဒ်နဲ့ ငါဟာ
ကြက်ခြေရိုက်နှိပ်ခံရသူပါ
သူမလေ…………………သူမ……………….
ခပ်ရိုင်းရိုင်းဂျိုတွေတပ် နှာမှုတ်သံမျိုးစုံနဲ့
ဘယ်သူတွေလွတ်လပ်ဖို့တိုက်ခတ်နေတာလဲ
မိုးခေါင်ဖို့အော်တဲ့လေညှင်းက………
ဆောင်းနဲ့ရင်ချင်းခတ် ဒီစင်္ကြာဝဌာကိုဆွဲဆန့်
တစ်နေ့ပြီးတစ်နေ့ တိမ်တိုက်အဟောင်းတွေ……..ပြန်……….ပွင့်
သူမက…………….ကျနော့ရဲ့လက်ဖျံရိုးတစ်ချောင်းပါ
ကောင်းကင်ခပ်ကြပ်ကြပ်မှာ ၀ိညာဉ်ခေါ်သံတွေကြားရခဲတယ်
ငါ့စိတ်တွေနွေတစ်တွင်းစာကုတ်ခပ်
ဒီလိုနဲ့ သက္ကရာဇ်ပေါင်းများစွာကိုစားသုံးလို့
ပင့်သက်တွေလောင်းရိပ်မှာ နိုးထခဲ့ပြန်ပေါ့
အဲဒီမနက်တွေအတွက်သီဝရီတွေမပွင့်၊
မိရိုးဖလာယဉ်ကျေးမှုတွေမပွင့်
ခေတ်စနစ်ကိုရှုတည်တည်ကျော်ဖြတ်ပြစ်လိုက်တယ်
သူမက …………..ရှင့်လက်မှာ
မိုးရယ် ၊ မြေကြီးရယ်၊ ဖုန်မှုန့်တွေရယ်နဲ့
ကျနော်အယူမသည်းတတ်ဘူး
ရည်မှန်းချက်ဆိုတာမီးများမီးနိုင်ပဲလေ
ဖန်လုံလောကတစ်ခုတည်ဆောက်ခွင့်ရမယ်
အဲဒီလောကမှာနှလုံးသားနဲ့လူကိုဘုရားသခင်ကဖန်ဆင်းပေးအပ်မယ်
အဲဒီလူသားကို ဧဒင်ဥယျဉ်မှာအစောင့်အဖြစ်ထားမယ်
အဲဒီဥယျာဉ်ကတားမြစ်ထားတဲ့သစ်သီးကိုဥယျာဉ်စောင့်ဘ၀နဲ့စားမယ်
ရောင်နီရေ……….ကုလားကာဟုတ်ခနဲ့ချ
မျှော်လင့်ချက်မှာ ၀တ်ကျေတမ်းကျေတောင်မလင်းခဲ့သေးဘူး
ငါ့ဘာသာဗေဒတွေ ငါ့ဝပ်ကျင်းမှာခင်းကျင်း
ဆောင်းတစ်တွင်းလုံးဘ၀အဖြစ်ပေါ့။။


အလင်းသစ်
၁၅၊ ဒီဇင်ဘာ၊ ၂၀၁၁။

ဒဏ်ရာဆိုတဲ့အလင်းရောင်သေးသေးလေးတွေ ကျနော့်မှာ ရှိတယ်

၂၀၀၇ဒီဇင်ဘာလတုန်းက ကျနော့်မှာ အနီရောင်မြို့လေးတမြို့ရှိတယ် ။ လက်ထဲမှာကျစ်ကျစ်ပါအောင်ဆှုပ်ထားတဲ့ ပိုက်ဆံအနွမ်းလေးကြောင့် အနည်းငယ်လူရာဝင်ခဲ့တယ် ။ အိမ်ရဲ့မျက်စောင်းထိုးမှာ ဘယ်သူ စိုက်ထားခဲ့လဲမသိတဲ့ ပိတောက်ပင် ရှိတယ် ။ ဒါနဲ့ပဲ …ကျနော့်ရဲ့လူမှုနယ်ပယ်ဟာ အတိုင်းအတာ တခုထိ စိုစွတ်ခဲ့ရတယ် ။ မျိုးရိုးဗီဇ တခုက ဖြစ်ရိုးဖြစ်စဉ် နယ်နမိတ်တွေ ပိုင်းခြားထားခဲ့…  ။ ပြီးတော့ …လူဆန်တဲ့ရာသီတွေ ခဏခဏ ပျက်သုန်းသွားကြတယ် ။ ဟုတ်ပါတယ် ။ ကျနော်တို့မျိုးရိုးက အရူးမျိုးရိုးပါ ။ နမိတ်ပုံတွေ ထပ်နေတဲ့ ကဗျာတပုဒ်လိုပဲ ဒီအသုံးအနှုန်းတွေနဲ့ ကျနော် နဲ့ ပိတောက်ပင် နဲ့ ၂၀၀၇ဒီဇင်ဘာလ နဲ့ အနီရောင်မြို့လေးနဲ့ ယဉ်ပါးလာခဲ့ကြတယ် ။ ခရမ်းရောင်ပန်းလေးတွေကို လက်ထဲမှာ ကိုင်ထားတက်တဲ့ အမည်မသိတဲ့ ကောင်မလေး တယောက်ကို ခရမ်းရောင်ပန်းလေး လိုက်ပေးဖြစ်တယ် ။ ဒါမဲ့ .. သူမ မယူသွားခဲ့ဘူး ။ သူမမျက်လုံးက ကွန်မြူနစ်ဆန်တယ် ။ ခပ်ပါးပါးလေး သူမ လှည့်ထွက်သွားခဲ့…..။ ကျနော်တို့ အနီရောင်မြို့လေးမှာ လျှပ်စစ်မီး မရှိဘူး ။ အဲ့ဒါကြောင့် သူမ အိမ်ကို ကျနော် မသိဘူး ။ ရပါတယ် ။ လူနှစ်ယောက် ချစ်ကြိုက်တဲ့ ကိစ္စမှာ လိင်ကိစ္စမပါလဲ ဘာမှ ပြဿနာမရှိပါဘူး ။ ယောင်္ကျားတယောက်က သားအိမ်ထည့်ပြီး ကလေးမွေးတဲ့ သတင်းကြားပြီးသွားတော့ လူ့အခွင့်အရေးဆိုတာကို ကျနော် သေချာစဉ်းစားဖြစ်တယ် ။ အရေပြားတထောက်စာ ဆန္ဒတွေ ကြောင်း ပြောပြတော့ သူမက ခရမ်းရောင်ပန်းလေး အစား ကျနော့်ကို လုံးချေပစ်တယ် . ခဏပါပဲ သူမ နဲ့ ကျနော်ကြားက ယဉ်ကျေးမှုက အဆင့်အတန်း သိပ်မြင့်တယ် ။ ဟုတ်ပါတယ် ကျနော်တို့မျိုးရိုးက အရူးမျိုးရိုးပါ ။ သူမ ကို ၀န်ခံခဲ့တယ် ။ ပိတောက်ပင်မှာ ပိတောက်ပန်းမပွင့်တော့ဘူး ။ အဲ့ဒါကို သူမ မသိဘူး ။ အကြမ်းဖတ်ဝါဒီတွေက ထောက်ပံ့မှု လုံလုံလောက်လောက် ရှိတယ် ။ သူတို့ရဲ့ဘာသာတရားက သူတို့ကို ကောင်းချီးပေးတယ် ။ ကျနော် တီဗွီကို ပိတ်ပစ်လိုက်တယ် ။ မလိုအပ်တဲ့ သဘောတရားတွေက ကျနော် မရှိလဲ တည်ရှိနေဦးမှာပဲလေ…။ သက်ပြင်းချတယ် ။ ကျနော် မအိပ်တော့ဘူး ….။ အမည်မသိတဲ့ကောင်မလေးရဲ့နာမည်ကို ကျနော် သိလိုက်ရတော့လည်း အနီရောင်မြို့ပြက ဒီအတိုင်းပဲ ။ ၂၀၀ရ ဒီဇင်ဘာလမှာ မိုးရွာတာတခုကလွဲရင် ကျနော့်လက်ထဲက ပိုက်ဆံအနွမ်းလေးလည်း တဖြေးဖြေးကျဉ်းမြောင်းလာတယ် .။ အိမ်သေးသေးလေးမှာ မိသားစုတွေ စုနေသလိုပဲ တနေ့နေ့ပြဿနာဟာ ထိုးဖေါက်ဝင်ရောက်လာမှာကို သိပေမယ့်လည်း ကျနော် ညတွေကို မအိပ်တော့ဘူး ။ ထူးအိမ်သင်ဟာ ကျနော့်ရဲ့ဘုရားသခင်ဖြစ်ကြောင်း သူမကို ပြောပြဖြစ်တယ် ။ လက်မခံချင်တဲ့ အရိပ်အရောင်တွေ တွေ့ရပေမယ့် သူမ နှုတ်ဆိတ်နေခဲ့…..။ ကျနော့်အဖေ အရူးကြီး ကွယ်လွန်တဲ့နေ့က ကျနော်ရယ် ၊ လူနည်းစုရယ် အသုဘချတယ် ။ ဂီတပညာရှင် မိုးဇက် ထက်တော့ ကျနော့်အဖေ ကံကောင်းပါတယ် ။ သူမက ကျနော့်ကို ရီပြီး ကျနော်က နည်းပညာတိုးတက်မှုကို ရီနေခဲ့…..။ ဘယ်သူ့ကိုမှ မပြောပဲ ကျနော် အနီရောင်မြို့လေးက ထွက်ခွာခဲ့တယ် ။ လက်ထဲက ခရမ်းရောင်ပန်းလေးကို ကျနော် ဆှုပ်ကိုင်ထားခဲ့တယ် ။ ကျနော့်ရဲ့နေရာသစ်မှာ လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတယ်။  ကျနော့်အိမ်ရှေ့မှာ ပိတောက်ပင်စိုက်မယ်လို့ စိတ်ကူးထားတယ် ။
ဘယ်အချိန်ထပေါက်မယ် မသိတဲ့ ဗုန်းတလုံး ကိုင်ထားရသလိုပဲ ။ အနီရောင်မြို့လေးမှာ ဘယ်တုန်းကမှ ကျနော် လူရာမ၀င်ခဲ့ပါဘူး..။ ကိုယ့်ကိုကိုယ် မိုးအဖြစ်ရွာသွန်းပြီး အမှန်တရားကို ငြင်းပယ်ခဲ့တယ် ။ ခရမ်းရောင်ကောင်မလေးရဲ့အသက်တ၀က်မှာ တော့ ကျနော်ဟာ သစ်တောတခုလိုပဲ (သူမ အဲ့လိုထင်လိမ့်မယ်) ။ ရုတ်တရက် ကျနော်စဉ်းစားမိတာ က ကျနော် မအိပ်ဖြစ်တဲ့နေ့တွေ အရမ်းများနေပြီဆိုတာပဲ  ။ နားထဲက စကားပြောသံလိုလို ကျနော် ကြားတယ် ။ နောက်ပိုင်း ကျနော် ပိုရယ် ဖြစ်လိမ့်မယ် ။ ဒိုင်ယာရီထဲမှာ ရာစုဟာ ၂၀၀၇ ဒီဇင်ဘာလ ကနေ ရှေ့ဆက်မတက်တော့ဘူး ။ ကျနော် စာကောင်းကောင်းရေးတက်သေးတယ် ။ ခရမ်းရောင်ကောင်မလေးက ကျနော့်ကို ဓာတ်မီးလေး တခုလက်ဆောင်ပေးထားတယ် ။ ကျနော် နေရာ နောက်တခု ထပ်ရောက်သွားတယ် ။ ကျနော့်လိုလူတွေ အများကြီးပဲ ။ ကျနော့်မှာ ပိုက်ဆံအနွမ်းလေး မရှိတော့ဘူး ။ ဒါပေမယ့်…ကျနော် အခုတော့ တကယ်လူရာဝင်ပြီ ။
ကျနော် ပိတောက်ပင်ကို ငေးကြည့်နေတုန်း လူတချို့ သံတခါးကြီးကို ပိတ်လိုက်ကြတယ် ။ ဘ၀တခုအတွက် ကျနော့်ကိုယ်ကျနော် စာလှမ်းရေးတယ် ။ ဟုတ်ကဲ့…ကျနော် အရူးမျိုးရိုးပါ ။ ခရမ်းရောင်ကောင်မလေးကို ၂၀၀၇ ဒီဇင်ဘာလအတွက် အကောင်းဆုံးဇတ်ပို့ဆုပေးပြီး ကျနော့်ကိုကျနော် လုံခြုံအောင် သော့ခတ်ပစ်လိုက်တယ် ။  ။ ။

အေးချမ်း

ပြောရင်ယုံမလား ။

နေရာတခုမှာ ကိုယ်ချစ်တဲ့လူတွေ ဖေါက်ပြန်နေသလိုပဲ ။
မေတ္တာတရားတွေ အမှန်အမှားတွေက  အရောင်တွေ ရောနေတယ် ။လှဲချလိုက်တယ် ။
အမှောင်ထဲမှာ တယောက်တည်း မထိုင်ဖြစ်တာ ဘယ်နှရက်ရှိပြီလဲ ။
ခွေးတကောင်ရဲ့ အူသံမှာ ကိုယ် ဘာဖြစ်နေလဲ ။
ကိုယ့်ကိုကိုယ် ပြန်မမေးတော့ဘူး ။
အုတ်ဂူတွေကြားထဲမှာ  ဘာဖြစ်လို့ ရိုးသားစွာ လိမ်နေတာလဲ ။
အသက်သွေးကြောတွေ နဲ့ တယောက်ယောက်ကို ချစ်မိနေတဲ့ ရောဂါ ။
မျက်နှာဖုံးတပ် အချစ်ရေ သိလား ။ ကိုယ်ဟာ စိတ္တဇ လူသတ်သမား ။
လူတွေ မျက်လုံးမှာ ကိုယ်မရှိတော့ဘူး ။ ကိုယ်ဟာ ကိုယ်ပျောက်နိုင်စွမ်းရှိတဲ့ ဆေးကို စားထားတယ် ။
ရင်ထဲမှာ ပန်းတွေပွင့်နေတာ မဟုတ်ဘူး ။
ရင်ထဲမှာ ချစ်သူက ဆိုဒ်ချုံ့ထားတဲ့ အလောင်းလိုပဲ ။
ကိုယ်အရက်မသောက်တော့ဘူး ။ အဆိပ်တွေပဲ သောက်တော့တယ် ။
ကိုယ်ဟာ အငွေ့ပျံနေတဲ့ အမွှေးအမျှင် ။
ပြောရင်ယုံမလား ။
ကိုယ် ပျံလို့ ရနေပြီ ။ ခြင်ယောင်ဆောင်ပြီး မင်းကို လာကိုက်မယ် ။
ရေမွှေးနံ့တွေက မုဒိန်းကောင်တွေပဲ ။
မင်းက စစ်ပွဲပဲ ။ ကိုယ့်ကို ဆေးရုံစရိတ်နည်းနည်းပေးပါ ။ အရင်လိုဖြစ်အောင် မျှော်လင့်ပါကွယ် ။
အနုပညာဆိုတာ မရှိတော့ဘူး ။
လူတချို့က ၀ါးစားပစ်လိုက်ကြတယ် ။
အကြောင်းအမျိုးမျိုးကြောင့်  မင်းဟာ ဘလိတ်ဓားဆောင်ထားသင့်တယ် ။
မတော်တဆ ဖြစ်ရပ်တွေကို ဆောင်ထားသင့်တယ် ။
ဂျွန်လင်နွန်ကို အားကျပြီးတော့  လက်မောင်းထဲကို နစ်နာကြေးတွေ ထိုးသွင်းထားတယ် ။
မယုံကြည်တဲ့ အသက်ရှင်ခြင်း ရှိဖူးလား ။
လူတွေဟာ အိပ်ရင်းနဲ့ ငိုကြလား ။ အသံတွေ သူ့အလိုလိုကြားရလား ။ တယောက်ယောက်က စောင့်ကြည့်နေသလို ခံစားရလား ။
ဒုတိယ ကမ္ဘာစစ်ကြီးပြီးသွားတော့ ဘယ်အယူဝါဒတွေ ကြီးစိုးနေပြီလဲ
အချစ်ရေ…မင်းဝမ်းနည်းတဲ့အခါ ကိုယ့်ကိုကိုယ် သတ်သေလိုက်တော့ကွာ ။
 ဒါဟာလည်း ပျော်ရွင်ခြင်းပဲ မဟုတ်လား ။


အေးချမ်း

ပြီးဆုံးသွားတယ်ပေါ့

ပြီးဆုံးသွားတယ်ပေါ့








သ က် ပြ င်းေ တွ  ခ ဏ ခ ဏ ချ တ ယ် ။
စာ လုံးေ ပါ င်း မှားေ န တဲ့မိန်း မ ။
က ်ေ န ာ ္ မ ေ ရ ာ က္ ဖ ူး တ ဲ့  ေ န ရ ာ မ ွာ
သူ မ  ခ ဏ ခ ဏ လှ တ ယ် ။








အေးချမ်း

သော့

...................... ပိတ် .......................






ကိုယ်ကျင့်တရား ဂေဟစံနစ်တွေ  .....................    ပိတ်

အသံထွက်ဝဲဂယက် တွေ           .....................   ပိတ်

ရီရယ်လစ်ဇင် တက္ကနစ်တွေ        .....................   ပိတ်

ပုဂ္ဂလ ဘာသာဗေဒတွေ           .....................  ပိတ်

ထွေပြားခြင်းဟင်းလင်းပြင်တွေ  ..................... ပိတ်

ဒြပ်ရှိဒြပ်မဲ့ ၀ါဒတွေ                ......................ပိတ်

 

Congratulation!!!!


ခင်ဗျားဝမ်းဗိုက်

ပွင့်ပြီ......