Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

လက်ရုံးတစ်ခုနဲ့အုပ်မိုးမှု့တစ်စုံတရာ မပြုအပ်ခဲ့သော

ကောင်းကင်ရဲ့စာမျက်နှာတစ်ခြမ်းမှာ                                                     
အနက်ရောင်ကျမ်းတစ်ပိုဒ်နဲ့ ငါဟာ
ကြက်ခြေရိုက်နှိပ်ခံရသူပါ
သူမလေ…………………သူမ……………….
ခပ်ရိုင်းရိုင်းဂျိုတွေတပ် နှာမှုတ်သံမျိုးစုံနဲ့
ဘယ်သူတွေလွတ်လပ်ဖို့တိုက်ခတ်နေတာလဲ
မိုးခေါင်ဖို့အော်တဲ့လေညှင်းက………
ဆောင်းနဲ့ရင်ချင်းခတ် ဒီစင်္ကြာဝဌာကိုဆွဲဆန့်
တစ်နေ့ပြီးတစ်နေ့ တိမ်တိုက်အဟောင်းတွေ……..ပြန်……….ပွင့်
သူမက…………….ကျနော့ရဲ့လက်ဖျံရိုးတစ်ချောင်းပါ
ကောင်းကင်ခပ်ကြပ်ကြပ်မှာ ၀ိညာဉ်ခေါ်သံတွေကြားရခဲတယ်
ငါ့စိတ်တွေနွေတစ်တွင်းစာကုတ်ခပ်
ဒီလိုနဲ့ သက္ကရာဇ်ပေါင်းများစွာကိုစားသုံးလို့
ပင့်သက်တွေလောင်းရိပ်မှာ နိုးထခဲ့ပြန်ပေါ့
အဲဒီမနက်တွေအတွက်သီဝရီတွေမပွင့်၊
မိရိုးဖလာယဉ်ကျေးမှုတွေမပွင့်
ခေတ်စနစ်ကိုရှုတည်တည်ကျော်ဖြတ်ပြစ်လိုက်တယ်
သူမက …………..ရှင့်လက်မှာ
မိုးရယ် ၊ မြေကြီးရယ်၊ ဖုန်မှုန့်တွေရယ်နဲ့
ကျနော်အယူမသည်းတတ်ဘူး
ရည်မှန်းချက်ဆိုတာမီးများမီးနိုင်ပဲလေ
ဖန်လုံလောကတစ်ခုတည်ဆောက်ခွင့်ရမယ်
အဲဒီလောကမှာနှလုံးသားနဲ့လူကိုဘုရားသခင်ကဖန်ဆင်းပေးအပ်မယ်
အဲဒီလူသားကို ဧဒင်ဥယျဉ်မှာအစောင့်အဖြစ်ထားမယ်
အဲဒီဥယျာဉ်ကတားမြစ်ထားတဲ့သစ်သီးကိုဥယျာဉ်စောင့်ဘ၀နဲ့စားမယ်
ရောင်နီရေ……….ကုလားကာဟုတ်ခနဲ့ချ
မျှော်လင့်ချက်မှာ ၀တ်ကျေတမ်းကျေတောင်မလင်းခဲ့သေးဘူး
ငါ့ဘာသာဗေဒတွေ ငါ့ဝပ်ကျင်းမှာခင်းကျင်း
ဆောင်းတစ်တွင်းလုံးဘ၀အဖြစ်ပေါ့။။


အလင်းသစ်
၁၅၊ ဒီဇင်ဘာ၊ ၂၀၁၁။

0 မှတ်ချက်ရေးထားသည်။:

Post a Comment