Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

အသေ

အသေ

ကော်ဖီဆိုင်ထဲက ကော်ဖီစေ့တွေ ။ ငါတို့ မသိတော့တဲ့ စိတ်ပညာအယူအဆတွေကို ငါတို့ သိရတော့မယ် ။

အသက် ၂၅ နှစ် မပြည့်သူတိုင်း လူကြီးမဖြစ်ဘူးဆိုတဲ့ ဖရိုက်ရဲ့အယူအဆ ။

ဒီနေရာမှာ ကျနော်တို့ ရပ်ပြီး စဉ်းစားရတော့မယ် ။

ကော်ဖီစေ့တွေ သေဆုံးခြင်း ။

ကျနော်တို့ နေ့စဉ်တွေ့မြင်နေရတဲ့ ဖြစ်ပျက်ခြင်းမျိုး နဲ့ ကိုယ့်ကို လာလာထိခိုက်နေတဲ့ စိတ်ရောဂါတွေ ။

လက်ချောင်းလေးတွေရဲ့ နူးညံ့ခြင်းမျိုးနဲ့ လက်ဖ၀ါးရဲ့ သေဆုံးခြင်းမျိုး ။

ဒီနေရာမှာ ရပ်နေပြီး ရှေ့  မှာ မမြင်ရခြင်းတွေ ။

ပြီးတော့ … ပိတ်ဆို့ ကာရံခြင်းတွေကို ဘယ်လိုမြင်ရမလဲ ။

အသက်ပိုကြီးလာတော့ ဆင်ခြင်မှုတွေကို ပိုရွံတယ် ။

အသက်ရှင်ဖြစ်တည်မှုထဲမှာ ကိုယ့်စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေလောက် ကိုယ့်ကိုကိုယ် ထိခိုက်တာ မရှိတော့ ။

လူတယောက်ရဲ့လွတ်လပ်ခွင့်ဟာ လူအဖွဲ့အစည်းနဲ့ သိပ်များသက်ဆိုင်နေခဲ့သလား ။

စိတ်ကစဥ့်ကလျားရောဂါက အနုပညာရှင်တွေမှာပဲ စွဲကပ်နေသလား ။

ခင်ဗျား ငြင်းပါ။ လူကြီးလူကောင်းစကားတွေပြောဆိုဆွေးနွေးပါ ။ ဒါမှမဟုတ် ။ တခုခု ပျင်းရိပါ။ တခုခု ပျက်စီးသွားပါစေ ။

ရှု့ထောင့်မတူတဲ့ တွေးခေါ်ခြင်းမျိုးနဲ့ တွေးခေါ်ခဲ့တဲ့ အတွေးအခေါ်သူရဲကောင်းမျိုးဆက် အသေဆိုးနဲ့ ချည်းသေဆုံးသွားခဲ့တယ်။

ခြေဖ၀ါးကတဆင့်ဦးနှောက်ကို တိုက်ရိုက်ရောက်နေတဲ့ အာရုံကြောလေးတွေ အလုပ်များများလုပ်ခိုင်းပါ ။

အနုပညာရှင်တဦးရဲ့အနုပညာဖေါ်ပြချက်မှာ ပြီးပြည့်စုံမှုဟာ ဟာကွက်ပဲ ။

လူနေမှုနည်းစနစ်ပညာပေးဇာတ်လမ်းတွေဟာ သိပ်ရိုးစဉ်းလွန်းတယ် ။

သီချင်းသံတွေရဲ့ ထိခိုက်ဆက်နွယ်မှုတွေ ။ တချို့ စကားလုံးတွေ ။ ပြီးတော့ …… အသေ ။

နှလုံးသားဟာ သွေးတွေစိမ့်ထွက်နေတဲ့ အင်္ဂါရပ်မဖြစ်သင့်ဘူး ။

ပျော်ရွင်စွာခုန်ပေါက်ခဲ့ကြတဲ့ ညနေခင်းတခုက မျက်ရည် ။

ကဗျာရေးခြင်းနဲ့ မရပ်တည်နိုင်တဲ့ ကဗျာဆရာဆိုတဲ့လူတွေရဲ့ လွတ်လပ်ခွင့်တွေကို စဉ်းစားကြပါ ။

အနုပညာဆိုတဲ့ စကားလုံးတိုက်ခိုက်နိုင်စွမ်းကို ခင်ဗျားတို့ လေ့လာပါ ။

စကားတခွန်းကိုပြောတဲ့အခါ စကားလုံးသုံးနှုန်းမှုတွေ နဲ့ စကားလုံးအဓိပါယ်ကွာဟချက် ။

အတိုက်ခံပါတီတွေဟာ ရယ်မောစရာသစ်သီးတွေ မဟုတ်တာ သေချာပြီးနောက် ။

ခင်ဗျားတို့ စဉ်းစားဖူးတဲ့ လိင်ဆက်ဆံရေးတွေကို ခင်ဗျားတို့ လက်တွေ့အသုံးချသလို လူ့ကျင့်ဝတ်တွေကို ခင်ဗျားတို့ အသုံးချပါ။.

တစုံတခုဟာ ပျင်းရိစရာကောင်းလွန်းတယ်ဆိုတာ အသေ ။

အသေဆိုတာ လှုပ်ရှားမှုမရှိတော့တဲ့ အသက်ရှုလမ်းကြောင်းတခုတည်းကို ဆိုလိုတာ မဟုတ်ကြောင်း ပြောဆိုဆွေးနွေးကြပါ ။

အနုပညာကို တင်ပြပါ ။ ပြီးတော့ အနုပညာရှင်တွေကို အရောင်အမျိုးမျိုးနဲ့ ခြယ်လှယ်ကြ ။

ဒီလိုဆိုမဖြစ်သေးဘူးဆိုတဲ့ ကြော်ငြာတခု ။

ဒီကဗျာဟာ တစုံတရာကိုကြယ်တွေကြွေအောင်ပြုလုပ်ပေးနေတယ်လို့ အဓိပါယ်မထုတ်ဖေါ်ပါ ။

သူတပါးရဲ့ပျက်စီးခြင်းတွေကို သင်တို့မစွပ်ပါနဲ့ ။

လူသားဖြစ်တည်မှုဟုတ်ခြင်းမဟုတ်ခြင်းဟာ ကွန်ဒုံးတခုစာ သာသာ အငြင်းပွားဖွယ်အသိ။

အေးချမ်း

0 မှတ်ချက်ရေးထားသည်။:

Post a Comment