Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

မြဲမြဲမှတ်ထား ။ ငါ့ကို လွှတ်မချနဲ့ 

မြဲမြဲမှတ်ထား ။ ငါ့ကို လွှတ်မချနဲ့ 


ငါ့ကို လွှတ်မချနဲ့  ….။ ကြိုးကို တင်းကြပ်စွာ စီးထားပါ ။
ဒီကဗျာမှာ ငါဟာ နေမကောင်းဘူးဆိုတာ နဲ့ စတယ် ။ ဆေးဝါးတွေ ရဲ့  Quality ညံ့ဖျင်းမှုကနေစ လည်ချောင်းထဲရေတခွက်ဝင်သွားပြီး ညရေးညတာ အိပ်မပျော်မှုတွေနဲ့  ကိုယ် ရနေတယ် ။ အဝေးကြီးဆိုတာတွေ ၊ နေ့စဉ်လောင်ကျွမ်းနေရတဲ့ မီးတွေ အပြင်မှာ ထိခိုက်ဒဏ်ရာတွေနဲ့  စိတ်ဓာတ်ကျစရာ အမှုအခင်းတွေထဲမှာ စိတ်ရဲ့ စွဲလန်းမှုတခုခု လိုအပ်နေတယ် …. ။
လူတယောက်ရဲ့  ပင်ကို စိတ်ထားနူးညံ့သိမ်မွှေ့မှုတွေကို တိရစ္ဆာန်တွေ ၊ ကလေးတွေနဲ့  စိတ်ရောဂါသည်တွေက ပိုပြီးသိနားလည်တယ်။
အနုပညာပျက်စီးတယ် .။။ စက္ကန့် နဲ့ အမျှ လူတချို့ စော်ကားနေတဲ့နာရီတွေအဆုံး အနုပညာတံတိုင်းပြိုကျလာမှုကို ကိုယ်တွေ့နေရတယ်..
အလင်းဟာ သူ့ရဲ့ အချိုးကျမှုကို သူကိုယ်တိုင်နားလည်သိရှိပါတယ် ။။
ပြေးထွက်သွားတဲ့အခန်းက အလုံပိတ်အခန်း ။
ကဗျာဆရာဆိုတော့ အာရုံခံစားမှုပါးလွှာလွန်းတယ် ( ရယ်လျှက် )…
ဖေ့ဘုတ် နောက်ပြီး လူမှုရေးကွန်ယက်တချို့ မှာ လူတချို့  ရေးထားတဲ့ စကားလုံးတွေ အထူးသဖြင့်စောက်ပိုစကားလုံးတွေက ကျနော့်အာရုံကို လာရောက်တိုက်ခိုက်နေတယ် ။
စာရေးခြင်း အတတ်ပညာ (composition)သက်သက် နဲ့  ဖန်တီးထားတာတွေ မြင်တော့ အနုပညာကို ရွံလာတယ်
ခင်ဗျားတို့ဟာ အခွံလွှာတွေနဲ့  ဖုံးအုပ်ခြင်းခံရမှုကို သာယာနေကြသလိုပဲ အဲ့လိုပဲ ကျုပ်တော့ မြင်တယ် ။
ရင်းနှီးမှုသက်သက်နဲ့  တည်ဆောက်ထားရတဲ့ အိမ်တအိမ်ရဲ့  ပျက်စီးခြင်းဟာ အလွန်မြန်ပါတယ် ။
ကျနော်တို့ဟာ ရယ်မောခြင်းသစ်သီးတွေကို စားသုံးပြီးလူသားတွေပါ
ဘာကိုမှအကောင်းမမြင်နိုင်တော့ဘူးလားလို့ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်တယ် ။
အရာရာကို ယုံကြည်မှုကင်းမဲ့ပြီး အကောင်းမမြင်နိုင်တော့ဘူး ။ ဘယ်သူက ဘယ်သူ့ကို လုပ်ကြံနေတာလဲ ။
အနုပညာသမားတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေကို ခင်ဗျားတို့  လူ့အဖွဲ့အစည်းက ဘယ်လိုတာဝန်ယူမလဲ .။။
Pop ဖြစ်လွန်းတဲ့အကြောင်းအရာတွေနဲ့  ပတ်သတ်ပြီး ဘာဖြစ်လို့  ကိုယ့်ကိုကိုယ် တည်ဆောက်ချင်နေကြတာလဲ ။
ကျနော် အန်ချင်နေတယ် ။ စောက်ပိုတွေ နဲ့  တည်ဆောက်ထားတဲ့ အနုပညာသမားတွေကို ကြည့်ပြီး ကျုပ်အန်ချင်နေတယ် ။
လူသားဆန်မှုကို လျှော့ချနေတယ် ။ ဘယ်စောက်အဖွဲ့အစည်းကိုမှ အယုံအကြည်မရှိဘူး
စိတ်ကစဥ့်ကလျှားဖြစ်နေတဲ့အချိန်မှာ အထိန်းချုပ်မဲ့နေခြင်း ၊ မိဘ နဲ့  ချစ်သူက အဝေးရောက်နေခြင်း ၊ ချစ်စရာသူငယ်ချင်းကောင်းများက ကိုယ့်အဖြစ်ကိုမသိခြင်း နဲ့  ကိုယ့်ကိုကိုယ် ဘယ်လောက်ထိတာဝန်ယူနေရမှာလဲ ၊ ။။
ကိုယ့်ကိုကိုယ် ပြန်ပြောနေတယ်။ ငါ့ကို လွှတ်မချလိုက်ပါနဲ့  .။။
ကိုယ့်စိတ်ကို ကြိုးနဲ့ တင်းတင်းစီးထားပါ ။ နာရီသံတွေ ငါ ဘာမှ မသိဘူး ။ ကိုယ် သွေးရူးသွေးတန်းလျှောက်အော်နေတယ် ။
ကိုယ့်ကို အခန်းလွှတ်တခုထဲမှာ ပိတ်ထားကြပါ ။
အထီးကျန်ခြင်း နဲ့  လူအဖွဲ့ အစည်းအပေါ်အမုန်းတရား အဲ့နှစ်ခုကိုယ်လိုအပ်နေတယ် ။
ကိုယ် ဘယ်သူ့ကိုမှ အန္တရာယ်မပေးခဲ့ဖူးပေမယ့် ကိုယ့်ကို အဲ့လိုသတ်မှတ်ပေးပါ ။ လူ့အဖွဲ့အစည်း နဲ့ အပြန်အလှန်မုန်းတီးမှုမျိုးကိုယ်လိုတယ် ။ ကိုယ် လိုအပ်တယ် ။
လူငယ်ကဗျာဆရာ တယောက်ရဲ့  ရင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ခင်ဗျားတို့ သိရဲ့ လား ။ ခေါင်းငြိမ့်ပြမနေနဲ့  ခင်ဗျားတို့ စောက်တခုမှ မသိဘူး ။ အားးးးးးးးးးးးးး။ ပူလောင်ခြင်းအသံတွေ နဲ့  ကိုယ်ပိတ်အော်နေတယ် ။ ဘယ်သူကြားလဲ ။
ကော်ဖီစေ့လေးတွေ ကြည့်ပြီး ကိုယ့်ကိုကိုယ် ပြန်မြင်ယောင်တယ် ။
IT တခေတ်လုံးအကျောပေးပြီး ဘယ်သူ့ကိုမှ မပြောဖြစ်တဲ့စကာလုံးတွေ ရှိတယ် ။
ခင်ဗျားတို့အငွေ့အသက်တွေတဖြည်းဖြည်းနဲ့  လန့် နိုးတတ်တဲ့အိပ်ရာတွေပေါ်ကထွက်ပြေးချင်နေကြတယ်မဟုတ်လား
မသိစိတ်က လွှတ်ခနဲ ထွက်သွားတဲ့စကားလုံးပဲ့ကျမှုတွေမှာ မနက်ဖြန်တွေ ရောက်ရှိတယ် ။


အေးချမ်း

0 မှတ်ချက်ရေးထားသည်။:

Post a Comment