အဲဒီတုန်းကကို အကြွင်းမဲ့ ယုံကြည်တယ်
အခန်းကျဉ်းလေးထဲမှာ Asya နဲ့
ပင့်တင့်ခွံ့ကျွေးသော နှုတ်ခမ်းဖူးလေးတွေကို အလိုက်သင့်စားသုံး
မဆေးလျှော်ဖြစ်တဲ့ အလင်းရောင်ခပ်ရှည်ရှည်တွေနဲ့
သူမလက်သည်းခွံလေးပေါ် ခဲဖျက်ကလေးတင်ပြီး
တယုတယပွတ်သပ်နေခဲ့တယ် ။
အသွေးအသား ၊ အရေပြားတွေနဲ့
ခြားနားပစ်လို့မရတော့တဲ့ နှလုံးသွေးကြောတွေ
မှတ်တိုင်အိုတစ်ခုကနေ ထွက်ခွါမှုမပြုသက်တော့မယ့်
သံသရာရထားတစ်စင်း ...
Asya ပြောတဲ့ ဝိညာဉ်တွေအကြောင်း
ကိုယ် .... လက်သည်းညှပ်ရင်းလည်း နားထောင်
သက်မဲ့အရာတွေကို ဆက်သွယ်ထားတဲ့ စကားတီးတိုးသံတွေ
ဘေးပတ်လည်းဝန်းကျင်က အငွေ့,ငွေ့တွေဟာ
တငွေ့ငွေ့
ငြိမ် သက် အေး ဆိတ် ...
အဲဒီတုန်းကကို အကြွင်းမဲ့ ယုံကြည်တယ်
Asya ဟာ အနမ်းတွေနဲ့ ပိုပိုလိုလိုဖေးမတတ်ခဲ့လွန်းလို့
ကိုယ်ဟာ...
ခြေပြတ် .... လက် ပြတ် .....။ ။
လင်းထက်အောင်
0 မှတ်ချက်ရေးထားသည်။:
Post a Comment