Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

ကိုယ့်အချစ်ကလေးနာမည် ဟန်နီ

ကိုယ့်အချစ်ကလေးနာမည် ဟန်နီ






မျက်လုံးကနေခြေက္ခနာ အထိ သူ့ နာမည် ဟန်နီ
ဟန်နီဟာ သူဆံညှပ်လုပ်ထားတဲ့ ပျားရည်စက်ကလေးကိုဖယ်ပြီး
ကျတော်နဲ့ သူ့ ဆံပင်လေးတွေကိုဖြီးတယ်


ကျတော်ပျားရည်ကြိုက်တာ ဟန်နီသိတယ်
ဟန်နီဟာ သူ့ကိုယ်သူ ပျားရည်လိုချိုပြီး ကျတော့်ကို ၀မ်းချဖို့ ကြိုးစားတယ်
ဒီလိုနဲ့ ဟန်နီရဲ့ ကျောပိုးအိပ်ကလေး ကျတော်
ကျတော်တကောက်ကောက်လိုက်သည်.. ကျတော့်အရိပ်ကလေးဆီ ဟန်နီ


မူးယစ်ရမ်းကားနေတဲ့စတော်ဗယ်ရီသီးကလေးကို ပြောင်းပြောင်းနွဲ့ နွဲ့ မှီရပ်နေတဲ့ဟန်နီ
သေချင်းဆိုးနဲ့ သေနေတဲ့ စွယ်တော်ရွက်လေးဆီမှာ ၀မ်းနည်းနေတက်တဲ့ ဟန်နီ
ကာလနာတိုက်နေတဲ့ ဥသြတေးသံလေးတွေရဲ့ ကြားမှာ ဟန်နီ


ဟန်နီဟာ ဂစ်တာအိုးလေးနဲ့သိပ်တူတယ်
သူ့ မှာကြိုးမပါပေမယ့် သူ့ ဂီတက သိပ်သာယာတယ်
ကျတော်မတီးမခတ် တက်ပေမယ့် ရူးမတက်ကျေနပ်တယ်


ဟန်နီဟာ နတ်သားဘ၀ကစုတေလို့  လူဖြစ်လာတာဆိုတော့
မိန်းကလေးတွေတင်မကဘူး ကျတော်တို့ ယောင်္ကျားလေးတွေထက်လည်း ပိုလှတယ်


အပေးအယူ သေသပ်တယ် ။ ထောင့်ကန်ဘော တိကျတယ် ။
အလိမ်အခေါက် ပိရိတယ် ။ လောကနဲ့ သူနဲ့ အချိတ်အဆက်မိမိ နေတက်တယ် ။


ဟန်နီဟာ .....ဟန်ဆောင်ကောင်းတယ်
ဟန်နီဟာ..... ဟန်ရေးပြတဲ့ပညာမှာ ကြွယ်ဝတယ်
ဟန်နီဟာ..... ဟန်ကျပန်ကျနေရေး စားရေး  ကျွမ်းကျင်တယ်
ဟန်နီဟာ..... ဟားတိုက်ရယ်မောတက်သလို မခံချိမခံသာဖြစ်အောင်လည်း ပြုံးတက်တယ်
ဟန်နီဟာ .....ဟန်ကိုယ့်ဖို့ လို့ အမြဲပြော
ဟန်နီဟာ .....အခုဟိုမှာ တော်ကြာဒီမှာ အပြောင်းအလဲ သိပ်မြန်တယ်



ကျတော့်ကိုဆို သူအပိုင်ယူလို့ ရတာပေါ့
ဒါပေမယ့် ဟန်နီက သိပ်လည်း စိတ်ထားကောင်းတယ်
ကျတော့်ကို ခဏလေးပဲ သုံးပြီး ပြန်ထားခဲ့တယ်

                                                                                           

                                                                                                                                     ဇက်ကကြိုး

0 မှတ်ချက်ရေးထားသည်။:

Post a Comment