Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

အုတ်တံတိုင်းမြင့်မြင့်ကာထားသော အိမ်နီးချင်းအသစ်များ

 ခြွန်းချက်ကိုးဆယ့်ကိုးရာခိုင်နှုန်းရှိပေမယ့် ရာနူန်းပြည့်လိမ္မာသော
ဘင်ဂျိုအမတစ်ကောင်  ကျောက်စရစ်မီးရောင်တစ်ထောင်
ယားပါတယ်....ရပါတယ်.....ဆိုးတယ်...စိုးတယ်.....ရားပါတယ်....ယပါတယ်
ရင်စည်းမ၀တ်တက်တဲ့ စကပ်တိုလေးက ဘိုင်စကုပ်က မကောင်းတဲ့ကား...ကောင်းကြောင်းကိုအရသာရှိစွာပြော

ရွှေအိုရောင် ညစ်ညမ်းမှု့ တစ်ဆင်စာ...အညိုရောင်သန့် စင်မှု့  ရှင်းတမ်း
အဲဒီမိန်းမရဲ့ တုတ်တုတ်ခိုင်ခိုင်ပေါင်တံတွေနဲ့  ဆန့် ကျင်ဘက် ပြောင်းပြောင်းပျော့ပျော့ လည်တိုင်တွေက
အလှဆုံးသော အဲဒီမိန်းမဆီမှာပဲ ကပ်လျက်ပါသွား
ငယ်ငယ်ကလို ဆံပင်ဘေးတွဲလေးနဲ့ ဈေးကွဲမှ
ဝစီဗေဒတစ်ဖက်..တုံးတိုက်ကြောင်တောင်နှိုက်တစ်ဖက်....ညစာငတ် ကြရအောင်
ပြဲပုတ်သည်ရဲ့ မယား အရက်ထဲ တားဆေးရောထည့်မှု့ နဲ့  ဖမ်းချုပ်ခံရ...ဖမ်းချုပ်လိုက်....ဖမ်းချုပ်လိုက်...ခံရ
ဒီမှာစန္ဒာကူးကြည်ပြာ......လေဘာတီကျောက်ရုပ်ဟာ စက္ကူပုံးတွေနဲ့  အပိုင်းပိုင်းထည့်သယ်လာရ

ဟာ..ဒီသပြောက်မသား.......သွားကွာ
ဒင်နာနဲ့ ဘာမှမဆိုင်....ဥမ္မာတကော ပယောဂတွေ......တွေ...တွေ...တွေ... ကိုင်းကွာ

ဟေ့ရောင်..မင်းကိုပြောနေတာ
လူမိုက်ပဲ အကြောက်တရား သေးသေးလေးနဲ့ မိုက်မယ်
ပညတ်တံတိုင်းနဲ့  ပရမက်လေးကိုင်းကြား....မြှားတံကို..
ခပ်သာသာဆွဲ..နောက်...ဖုတ်ဖက်ခါ.ပုတ်ထုပ်လိုက်
မထီတထီနဲ့ ..သူမ /သူ /ဟိုစောက်ကောင်

ကဗျာဆရာရင်ဘက်နဲ့ ကဗျာလိုက်တိုက်တဲ့ လူမိုက်
ကွန်တမ်ပိုရာရီ နှပ်ဆေး တစ်ရာဖိုး..သွားကြားထိုးတံ အချောင်းနှစ်ရာလောက်ပါပေးလိုက်
ပိုတိုးလိုလျော့ သုံးဘီးကားပေါ်က အီဖယ်မျှော်စင်အကြောင်း
သိက္ခာရှိရှိရွှေထီးဆောင်းထားတဲ့ များများပြော များများပေါကြ
သုံးကြိမ်မြောက်မိသားစု အပူတပြင်း ဆာလောင်မှု့ အတွက်


                                        တတိယကြိမ်မြောက် မုန့် ဖိုတိုက်ခိုက်မှု့ 

0 မှတ်ချက်ရေးထားသည်။:

Post a Comment