Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

ကမ္ဘာဦးကတည်းက အရူးမှာရူးနေခဲ့ရတော့

မကြိုက်ရင်လည်း လှုပ်သောက်လိုက်တော့

ကမ္ဘာဦးအရူးရောဂါက ဈေးကြီးတယ်

ပြောနေတာကိုမှ မယုံနိုင်သေးရင် ပါးစပ်အဟောင်းသားဖွင့်ထား

ဘာတွေထပ်ဝါးဦးမလဲ? နေကြာစေ့၊ပဲလှော်၊ပိုင်းလော့ဒ်

ခပ်တည်တည်နဲ့ မှင်ရည်တွေကို ဆေးချ

ဒီနားမှာ ဘယ်သူမှမရှိတာ တစ်ယောက်တည်း

ယောင်တာမဟုတ်ဘူး ၊ ဆရာမတွေ့ရင် လက်အုပ်ချီနှုတ်ဆက်

လှုပ်သောက် ၊ ဖြစ်နိုင်ရင် ကျွမ်းပျံနေအောင်ပါထိုး

ကြမ်းကျွံတာမဟုတ်ပဲ စကားကျွံသွားရင် ရေထဲကို လေနည်းနည်းရောလိုက်

ပေါက် ... ဖေါင်းကားကြွတက်လာပြီ

ဝယ်ရတာလွယ်တာ မဟုတ်ဘူး ၊ လှုပ်သောက်ဖို့ ပြောနေတာကြာပြီ

ပိုက်ဆံဒီလောက်ပုံပေးတာတောင် မရခဲ့တာ အချစ်လား၊မေတ္တာလား၊သစ္စာလား၊

အမှန်တကယ်ဆို ပုလင်းအဖုံးမဖွင့်ခင်ကတည်းက လေမခိုအောင် နှစ်ချက်၊သုံးချက်လောက် ပင့်ပုတ်ထားရမှာဆိုတော့

ကမ္ဘာဦးကတည်းက သင်ပေးလာရတာ ၊ အခုထိကို မရူးနိုင်သေးဘူး

ကြိုက်ကြိုက်နဲ့ မကြိုက်ကြိုက်နဲ့တော့ ဝါကျထဲတွေ့တော့

ဒါရိုက်တာခိုင်းတယ်ပဲ ထားပါတော့ ၊ ပြောလို့ မပြီးသေး ဆုံးတော့

ရေထသောက်မယ့်စိတ်ကူးကိုတော့ ၊ ခဏမေ့ထားပြီးတော့

လှုပ်သောက်ထားတဲ့ဆေး ဘယ်လိုခါးခါး ပါးစောင်ထဲထည့်ငုံထားပြီးတော့

အရူးပဲ ၊ မကြိုက်ရင်လည်း ထွေးထုတ်လိုက်တော့

ကမ္ဘာဦးတည်းက ငုံထားရတာ ..... ။ ။





-လင်းထက်အောင်-

0 မှတ်ချက်ရေးထားသည်။:

Post a Comment