Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

အသင့်စားသုံးနိုင်သော ညနေခင်းထောင့်ချိုး

အသင့်စားသုံးနိုင်သော ညနေခင်းထောင့်ချိုး




ရှေ့တန်းမှာ ကျုပ်တို့  ခင်ဗျားတို့ တွေ

ဘာမှမဟုတ်တဲ့ တောင်ကုန်းလေးတစ်ခုကို အသက်ပေးပြီး ကာကွယ်ခဲ့ကြတယ်

အခု….သူတို့ ကတော့ ပါရီမြို့ ကြီးကို စွန့် သွားကြပြီ
* မြသန်းတင့် ဘာသာပြန် (ပါရီကျဆုံးခန်း)






သြော်..ဒီတစ်ညနေမှာတော့

ငါ..ရှုံးခဲ့ရပါပြီ



ထာဝရ ဆိတ်သုဉ်းခြင်းဆိုတာတွေ

ဒီတစ်ညနေမှာပဲ

ငါ့သစ်ဆွေးဂစ်တာပေါ် သေသေချာချာပန္ဒက်ချ

ကောင်မလေးရေ..

ငါဟာခခယယတောင်းပန်ခဲ့ဖူးပြီထင်ပ



နှင်းမကျတဲ့ ချစ်သူတို့ ရဲ့  အိပ်မက်ည

အိပ်မက်ညမှာ လဲကျခဲ့သူတစ်ဦးရဲ့  လက်ဗွေရာ

လက်ဗွေရာတဲ့ ရွာချတဲ့ တံဆိတ်မြိတ်အောက်မှာ

ရွှေလက်တစ်ကမ်းကို လွမ်းလိုက်ရတာ



ဘာပဲဖြစ်ဖြစ် ဆုတ်ကျစ်ထားတဲ့ ယုံကြည်ခြင်းတွေကို

ဓူဝံလို ....ကြွေကျ....... ပွန်းပဲ့ .......ပျောက်ထွက်....စေပြီး

သူ့ ရင်ဘက်တော်မှာ ဧဒင်ကိုဖေးမပြီး ပြန်ထူမလိုက်တယ်



အဲဒီညနေမှာပဲ

တစ်ဘ၀စာ နမ်းရှိုက်ခွင့်မရရှာတော့တဲ့

သူ့ နူတ်ခမ်းပါးပါးတွေ

ဘီလူးဆိုင်းနဲ့ ငါု့ကို ခယာင်းအိပ်မက် ပက်ကြားအပ်ထဲ ဆွဲခေါ်သွား.....



ဝါကျတစ်ကြောင်းစာနဲ့  တစ်ကောင်တည်းချောင်းခြားနေတဲ့

ခေတ်သစ်ကိန္ဒရာဘ၀............

ကိယ့်အမြစ်ကိုယ် ပန်းလို ဝေစေရမယ်ဆိုတဲ့

စိတ္တဇသစ်ပင်ဘုရင်လိုဘ၀...........


သစ္စာတရားကို ကွန်လိုယက်ဖြာပြီး..........

တစ်သတ်မှာတစ်ခါ စကြာဝဋ္ဌာကို သတ်မယ့်ညမှာ...........

စံပယ်ငိုသံတွေ လက်ဖျားမှာ ထောင်မက်............

ရင်ဘက်ကိုဆောင့်တွန်းပြီးသူ့ ကိုခေါ်ထွက်သွားတယ်......


ကဝေအရှုးလို

ငူအစွန်းမှာ အနက်ရောင်ထွက်သတ်တွေနဲ့ စီးချင်းထိုး..........

အဖြူရောင် ၀င်သတ်တွေ ပျောက်ရှသွားမှာကို

အဲဒီညနေမှာတော့.............

ငါမစိုးရိမ်ခဲ့မိဘူး....။

0 မှတ်ချက်ရေးထားသည်။:

Post a Comment