Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

စက်တင်ဘာလရဲ့  တချို့  ရက်တွေက အာရှတိုက်မှာ ရှိနေသေးတယ်

နာကျင်ခြင်းကို ရှင်းလင်းတဲ့အခါ လုပ်ကြံဖန်တီးရတယ် ။

လိုအပ်သလောက်ရနေတဲ့ လူ့အရင်းအမြစ်တွေ နဲ့ ကြွက်တွေရဲ့ သမိုင်းကြောင်းတွေ ။

ဂါ နေတဲ့ ညနေတွေက မေးခွန်းတွေနဲ့ ။ အဆင်ပြေလား ။ ယဉ်ပါးရဲ့လား ။

သေမလိုလိုရှင်မလိုလိုဖြစ်နေတဲ့ ဖန်တီးမှုအချို့က ယုံကြည်မှုလွန်ကဲသွားခဲ့လို့လား ။

ခင်ဗျားကိုယ်ဝန်ရှိနေတဲ့သတင်းက လင်မပေါ်ခြင်းဆိုတဲ့ စကားကို ရှော့ဖြစ်စေတယ် ။

ခင်ဗျားသိထားတဲ့အချစ်က ဘယ်နားကလဲ အီဂျစ်ကလား အေသင်ကလား မောင်သိန်းဇော် ကဗျာတွေထဲမှာလား

မျက်နှာဖုံး တစုံရှိလား အပျော်ပဲလား ရေဆာနေတာလား ။

ပျံသွားတဲ့လေပူဖေါင်းလေးက နောက်ပြန်လှည့်ပြီး ပေါက်သွားတယ် ။

ဟင်းခွက်ထဲကထွက်လာတဲ့ ပစ္စတိုက ကိုယ့်ကို စိတ်ပျက်စေတယ် ။

Blackhole ထဲက လူ့အဖွဲ့အစည်းရဲ့သွေးကြွမှုကို မှတ်တမ်းတင်ဗွီဒီယို ရိုက်ကူးထားပါတယ် ။

OAP (Over Active People) တွေက ၁၂ လက်မရဲ့တိုင်းတာမှုအားလုံးကို 1 ပေ လို့ ပျော်ရွင်စွာရယ်မော ။

ကိုယ်ဟာ အိမ်မွေးတိရစ္ဆာန်အဖြစ်ရွေးချယ်ခွင့်ရခဲ့ရင် စကြာဝဠာမှာ ခင်ဗျား အိမ်တအိမ်ကိုပဲ ရွေးချယ်မိမှာ ။

စိတ်ကျရောဂါမော်ဒယ်အသစ် တီထွင် / စမ်းသပ် / အောင်မြင် / …။

မိန်းမတွေနဲ့ ကင်ဆာရောဂါ နဲ့ လိုအပ်ချက်က တခုထက်ပိုရှိလာတယ် ။

အမှန်အမှား ဂျက်ပင် တွေက ကိုယ့်ကိုလာလာ ထိုးတယ် ဟုတ်ပြီလား ။

ဘ၀က profile အမှားတွေနဲ့ စတယ် ဟုတ်ပြီလား ။

နောက်ကျနေတဲ့ အချိန်ကာလမှာ ဘာမှမပြောဖို့ သီချင်းသံတွေက တတ်နိုင်သမျှ ပြေးနေတာပဲ ။

မထင်ထားတဲ့နေရာမှာ ကျနော် နောက်ကျပြီးတွေ့ခဲ့တယ် ။

နေကာမျက်မှန် နဲ့ နေရောင် နဲ့ ရောပြီး ကျွေးပါ ။ ၂၃ နှစ်ကျွေးပါ ။

ကိုယ့်ရဲ့ First Blood က ဘာလဲဘယ်မှာလဲဘယ်လိုလဲ ။

ချစ်ခြင်းမေတ္တာဆိုတာ လူ့အဖွဲ့အစည်းသုံးပြီးသား ကွန်ဒုံး ။

အတိတ် ၂ နှစ်မှာ ဘယ်လောက်တောင် ဆိုးရွားပျက်စီးခဲ့လဲ ခင်ဗျား သိလား ။

25 < ? ~~ ((* ~~ ! )) 25 > x ။

ဘာကိုမှ မကြိုးစားတော့ဘူး ။ စစ်ပွဲတွေမှာ ကိုယ်ဘယ်တော့မှ ပါဝင်မှာမဟုတ်တော့ဘူး ။

ယုံကြည်မှုမရှိတဲ့လက်တွေ ဘာလို့တွဲထားမှာလဲ ။

ထရော်မာတွေ လျှောက်သွားနေတယ် ကျနော့်ကို ပြန်လာကောက်ပါ ။

လူသားဆန်မှု နဲ့ လူသားသဘာဝလျှော့ကျခြင်း ခေါင်းစဉ်ကို သန့်စင်ကြရတော့မယ်

နေရာတခုတည်းအောက်မှာ နှစ်ပေါင်းများစွာဟာ ပျင်းရိနေပါပြီ

ငြီးငွေ့ခြင်းထဲမှာ အနုပညာ ၊ လိင်မှုကိစ္စ နဲ့ အောင်မြင်မှု ပြီးတော့ ငွေကြေး ။

သေဆုံးခြင်းဟာ ရပ်တန့်  သွားပြီ ။ ဆက် ရပ်တန့်  တော့မယ် ။

အေးချမ်း

0 မှတ်ချက်ရေးထားသည်။:

Post a Comment