Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

ပြောရင်ယုံမလား ။

နေရာတခုမှာ ကိုယ်ချစ်တဲ့လူတွေ ဖေါက်ပြန်နေသလိုပဲ ။
မေတ္တာတရားတွေ အမှန်အမှားတွေက  အရောင်တွေ ရောနေတယ် ။လှဲချလိုက်တယ် ။
အမှောင်ထဲမှာ တယောက်တည်း မထိုင်ဖြစ်တာ ဘယ်နှရက်ရှိပြီလဲ ။
ခွေးတကောင်ရဲ့ အူသံမှာ ကိုယ် ဘာဖြစ်နေလဲ ။
ကိုယ့်ကိုကိုယ် ပြန်မမေးတော့ဘူး ။
အုတ်ဂူတွေကြားထဲမှာ  ဘာဖြစ်လို့ ရိုးသားစွာ လိမ်နေတာလဲ ။
အသက်သွေးကြောတွေ နဲ့ တယောက်ယောက်ကို ချစ်မိနေတဲ့ ရောဂါ ။
မျက်နှာဖုံးတပ် အချစ်ရေ သိလား ။ ကိုယ်ဟာ စိတ္တဇ လူသတ်သမား ။
လူတွေ မျက်လုံးမှာ ကိုယ်မရှိတော့ဘူး ။ ကိုယ်ဟာ ကိုယ်ပျောက်နိုင်စွမ်းရှိတဲ့ ဆေးကို စားထားတယ် ။
ရင်ထဲမှာ ပန်းတွေပွင့်နေတာ မဟုတ်ဘူး ။
ရင်ထဲမှာ ချစ်သူက ဆိုဒ်ချုံ့ထားတဲ့ အလောင်းလိုပဲ ။
ကိုယ်အရက်မသောက်တော့ဘူး ။ အဆိပ်တွေပဲ သောက်တော့တယ် ။
ကိုယ်ဟာ အငွေ့ပျံနေတဲ့ အမွှေးအမျှင် ။
ပြောရင်ယုံမလား ။
ကိုယ် ပျံလို့ ရနေပြီ ။ ခြင်ယောင်ဆောင်ပြီး မင်းကို လာကိုက်မယ် ။
ရေမွှေးနံ့တွေက မုဒိန်းကောင်တွေပဲ ။
မင်းက စစ်ပွဲပဲ ။ ကိုယ့်ကို ဆေးရုံစရိတ်နည်းနည်းပေးပါ ။ အရင်လိုဖြစ်အောင် မျှော်လင့်ပါကွယ် ။
အနုပညာဆိုတာ မရှိတော့ဘူး ။
လူတချို့က ၀ါးစားပစ်လိုက်ကြတယ် ။
အကြောင်းအမျိုးမျိုးကြောင့်  မင်းဟာ ဘလိတ်ဓားဆောင်ထားသင့်တယ် ။
မတော်တဆ ဖြစ်ရပ်တွေကို ဆောင်ထားသင့်တယ် ။
ဂျွန်လင်နွန်ကို အားကျပြီးတော့  လက်မောင်းထဲကို နစ်နာကြေးတွေ ထိုးသွင်းထားတယ် ။
မယုံကြည်တဲ့ အသက်ရှင်ခြင်း ရှိဖူးလား ။
လူတွေဟာ အိပ်ရင်းနဲ့ ငိုကြလား ။ အသံတွေ သူ့အလိုလိုကြားရလား ။ တယောက်ယောက်က စောင့်ကြည့်နေသလို ခံစားရလား ။
ဒုတိယ ကမ္ဘာစစ်ကြီးပြီးသွားတော့ ဘယ်အယူဝါဒတွေ ကြီးစိုးနေပြီလဲ
အချစ်ရေ…မင်းဝမ်းနည်းတဲ့အခါ ကိုယ့်ကိုကိုယ် သတ်သေလိုက်တော့ကွာ ။
 ဒါဟာလည်း ပျော်ရွင်ခြင်းပဲ မဟုတ်လား ။


အေးချမ်း

0 မှတ်ချက်ရေးထားသည်။:

Post a Comment