Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

Save ထားသော တံခါးများ

Save   ထားသော တံခါးများ

စကားလုံးတွေကို ဂရု့ တစ်စိုက်သုံးခြင်းဟာ လူ့ အရင်းအမြစ် ပြုန်းတီးမှု့ ရဲ့ အစပဲဆိုတာ
အခုတော့ သဘောပေါက်ပါပြီကွယ်
ကိုယ်သဘောထားကြီးပါ့မယ်

နယ်ကုန်အတွန်းခံထားရတဲ့ စီးပိုးမှု့ 
အမိုးအကာမလုံပေမယ့် ရွှေထွက်သော ခြုံကလေးဆိုတာ
ရှိခိုးတဲ့လက်တွေနဲ့  မျက်ရည်ညှစ်တဲ့လက်တွေက
အဆင်မပြေသေးတဲ့ ဘွတွေ အတွက်
မှော်ဆရာတစ်ယောက်ရဲ့ ရင်ဘက်ကခြောက်ထောင့်ကြယ်ပေါ်မှာနားခဲ့ရတယ်

ဘီလူးကိုပင်ရူးစေသော လိင်အင်္ဂါအတုများ
ခရမ်းရင့်ရင့်ဆိုးထားတဲ့ အလွမ်းနဲ့ နာကြည်းမှု့ ကို
ဆီမပါ..ဆားမပါ ခြေသလုံးအိမ်တိုင်များက
အနှစ်သာရရဲ့  သစ္စာတရားလို တခမ်းတနားရှင်းလင်းမိန့် ကြားခဲ့ပါသည်

မျက်ကန်းဟာ အလင်းရဲ့ အစဉ်အလာ ဖွားမြင်မှု့ မဟုတ်ခဲ့ပေဘူး
        ..............................  ဒီလိုပါပဲပေါ့ဗျာ....................................

The Thinker ရုပ်တုကို ဒုတိယအကြိမ်မှာ ဘယ်သူမှ မဖျက်စီးတော့ပါဘူး

သချိင်္ုန်းကုန်းမှာ နတ်ရွာစံခဲ့သော အိန္ဒိယ ဟွန်ဒါ မော်ဒန်ယာနာဂျုံးစ် အညွှန်းကို
ပဲရစ်မြို့ အုပ်နှင်းဆီရွက်ထုခွဲရောင်းချခြင်း ဒိုင်ယာနာဇီ ဂျီသြမေတြိတွင်....ရှု့ 

အခါတစ်ထောင်လဲကျပေမယ့် တစ်ခါမှ ပြန်မထခဲ့သော
မျောက်တစ်ကောင်ဟာ ငါဖြစ်သွား၏
မေတ္တာစာမဟုတ်သော ဒီဟာကြီးကလည်း
မျောက်ရေးငယ်တဲ့ရွှေဖူးစာ မဖြစ်လိုက်ရပါ
ထို့ ကြာင့်အလှုတော်ငွေတစ်သိန်းပြည့်စေရန် အရူးက တစ်မူးထည့် လိုက်ရပါသည်

                                                                                                                                ဇက်ကကြိုး

0 မှတ်ချက်ရေးထားသည်။:

Post a Comment