ကဗျာဆရာရဲ့ ငါးမလေး
.............................
မျက်ရည် စက်လက်နဲ့ ဓားတစ်လက်ကို ပြောင်းပြန်ကိုင်
ပန်းနုရောင် ကြက်ခြေခတ်ကို တယုတယ လှီးဖြတ်
သူ့မှာ အသွားနှစ်ဖက်နဲ့....
အတိတ်ရဲ့ နဖူးပြင်မှာ ကျည်ဆန်ပေါက်တစ်ခု ရခဲ့တယ်။
စိတ်လို လက်ရ ပန်းပင်စိုက်တယ်...
အတ္တတွေစူးလို့ ပန်းမပွင့်ဘူး ( ရာသီလွဲနေ၍ ဖြစ်လိမ့်မည် )
ရုပ်ရှင်ရုံထဲကလို အနံ့ခပ်ပြင်းပြင်း
ကဝေနုတ်ခမ်းနဲ့ အနမ်း နှစ်ပွင့်ပဲ ပွင့်တယ်။
အီလက်ထရောနစ်ခေတ်ထဲမှ တစ်ဦးတည်းသော ပဒေသရာဇ်
ခေတ်မှီ အတွေးအခေါ်နှင့် ရှိတ်စပီးယားကို အမှားခြစ်
သူမသည်...မိုးဦးပေါက် တိမ်စိုင်မျှသာဖြစ်၏ (ကျနော့် အထင်)
ယဉ်ပါရဲ့၊ အေးပါရဲ့၊ နွေးပါရဲ့၊ မှုန်ပြပြမွှေးပါရဲ့
အတောင်ပံ တစ်ဖြတ်ဖြတ်ခတ်လို့....
သောက်လေ ငတ်မပြေတဲ့ ပင်လယ်၏ ခံတွင်းဝဆီ။
0 မှတ်ချက်ရေးထားသည်။:
Post a Comment