Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

ပြောင်းဝတွင် ဖန်သားနှုတ်ခမ်းများ တေ့ / ကပ်လွဲရန် စောင့်ဆိုင်းလျက်ရှိ

ပြောင်းဝတွင် ဖန်သားနှုတ်ခမ်းများ တေ့ / ကပ်လွဲရန် စောင့်ဆိုင်းလျက်ရှိ

 ကဗျာမဲ့ဝါဒီတယောက်ဖြစ်ကြောင်းကြေငြာပါ

ပြန်မလာရန်ကတိက၀တ်ကိုကိုင်ဆွဲပြီး
ဒီနေရာမှ စိမ်းစိမ်းလမ်းလမ်းထွက်ခွါ ပါ

အရွှေ့မှာတော့ အရွေ့က တခါ ပြတ်ကျန်

အမှန်တရားဆိုတာ ခင်ဗျားလက်ဖမိုးလား
ဒါမှမဟုတ် ကျုပ်လက်ဖ၀ါးလား

ကျေးဇူးပြုပြီး နားတွေလာပိတ်ပေးစမ်းပါ
မိုးထဲရေထဲ ထီးရွဲတာတွေ မမြင်ရက်လို့

ကျုပ်ရဲ့ ပုဂ္ဂလစွဲတခု ခင်ဗျားစိတ်ကြိုက်ပစ်ပေါက်ရိုက်ချိုးခွင့်ရှိတယ်
ကျုပ်ကိုတော့လာမမှန်စေနဲ့

မြတ်နိုးတာနဲ့ ဖက်တွယ်တာ ခင်ဗျားကွဲလား
ဒါဆိုလက်ကမ်း
ခင်ဗျားနဲ့ကျုပ် ရှေ့ဆက်လှမ်းလို့ရပြီ

ဖောက် / ခွဲ / ဖြာ ကြိုက်သလိုထွက်
Prism အတွက်က White Light တခုပဲလိုတယ်..

Personal Lyric, Formal, Modern, Post, Neo, LP, Conceptual, Flarf
လက်သီးတွေ တန်း ..
လက်မောင်းတွေရမ်း...
အသစ် အသစ်..
တဂျစ်ဂျစ်သာအော်

ကဗျာဆရာ...

ကဗျာ့ဆရာ..

ဆရာ့ဆရာ...

စကားမစပ် မနက်ဖြန်ကိုသွားကြည့်

ဒီနေ့ခင်ဗျားဟာလဲ အဟောင်းကြီးပဲဗျ

ဂြီ ..
ဂြီ..
ဂေါ်..
ဂေါ်
ဟဲ့အကောင်ရဲ့
နင်ဘာနားလည်လဲ
မသန်းအေးဆိုတဲ့ငါက
ငါးမရောင်းခင်ကတည်းက
အလေးခိုးတတ်လာတာ

ဂျစ်..
ဂျစ်..
ဂျစ်...
 အေးဗျာ..
ထိုင်နေရင်းလဲ လိုင်းပူးတတ်တယ်

ဆိုတော့ကာ..

တကယ့်ကဗျာဆိုတာက....

တူ.....
တူ.....
တူ.....

လူကြီးမင်းခေါ်ဆိုသော ကဗျာဆရာမှာ
ဆန့်ထွက်မှုဧရိယာအလည်ဗဟိုသို့ ရောက်ရှိနေပါသဖြင့်
ခေါ်ဆို၍  မရနိုင်ပါရှင်...
တီ.. တီ... တီ

ကဗျာ့ကိုယ်ထည်သည် အရောင်းမြှင့်ခြင်း၊ ဈေးကွက်ထိုးဖောက်ခြင်း၊များများထုတ် များများရောင်းခြင်း ဖော်မြူလာများ၊ အောင်မြင်မှုလံကြုတ် ဇတ်လမ်းများ၊ မှိုင်းတိုက်ခြင်းများမှ ကင်းရှင်းရန် အစောတလျင် လိုအပ်လျှက်ရှိ  (Notebooks on Potery and Politics)

0 မှတ်ချက်ရေးထားသည်။:

Post a Comment