Powered by Blogger.
အဖြူရောင်စွန်းတဲ့ နှလုံးသားများက ကဗျာ ဆိုတာ - ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ကို ရင်ဘတ်နဲ့ ခံပြီး ပါးစပ်က ပြန်အန်တာကို အကြမ်းအားဖြင့် ကဗျာလို့ ယူဆထားပါတယ် ။
RSS

လိပ်ပြာကျောပေါ်က ခြင်္သေ့ပုံ တက်တူး

လိပ်ပြာကျောပေါ်က ခြင်္သေ့ပုံ တက်တူး

သူယုတ်တို့ ရဲ့ ကြာပွတ်ဖျားက လက္ခနာ ထီးရိုးပေါ်မှာ
နမ်ပရမက် ဘာကိစ္စနဲ့  သွယ်ဆက်ထားရမလဲဆိုတဲ့
သတိမနိုင်လို့ အသိမပိုင်ဘဲ ဟန်ချက်ပျက်
ဒင်နာဆိုတာ ၀ိုင်  မိန်းမ နဲ့ မှ ပြည့်စုံတာဆိုတဲ့
ရဟန်းမိုက်နဲ့ လဲ အတိုက်အခံ..........


 မီးဖိုချောင်မှသည် အိမ်ဦးခန်းသို့ ...ပစ်စာ ...ဆဲစာ... ငေါက်သံ.... ငမ်းသံ....။
ခုခေတ်ကြပ်ခိုးတွေက မဲလွန်းလို့ နက် အနံဆိုးလည်း ထွက် ထွက် လာတက်ပြီ


 ဖျက်မျဉ်းတစ်ကြောင်း သက်သက်ပဲလား..........မင်း ။
လေတိုက်တဲ့သစ်ရွက်လေးလို တုန်ခါနေသလား..မင်း


 ပင်ကျရည်တစ်ပိုင်း ၊ ဘယ်လိုမှလမှိုင်းကပ်လို့ မရတဲ့ ငါ့သွေးခုန်နှုန်းနဲ့  သွေးကြော
ဒေဝေါဟာ ငါ့မိုးနောက် အသည်းအသန်အမှီလိုက်
မိမနိုင် ဖမနိုင်တာ (ငါ့) စရိုက်ပဲ


 နတ်ဆိုးပလွေသံ... တရွှမ်းရွှမ်း
စပါးခွံ ... ရိုးပြက်.. နီမှောင်သော တိုက်တာ အဆောက်အဦး
ပရစ်ဖူးတွေ အလူးအလဲထ.. ကောက်သင်းကောက်ရင်း ရလာတဲ့ ဒဏ်ရာတွေ..ဒဏ်ရာတွေဆိုတာလေ
ဥက္ကာခဲကို ခုတ်ထားခံရတဲ့ ဓားတစ်ချောင်းလို အရေခွံ ဟာ အတွင်းသားထဲ နစ်ဝင်တွန့် ခေါက်


 ဟောဒီမှာ လူသေဆယ်ယူလာတဲ့ ၀ါးလုံး (ကိုးရာ ကိုးဆယ့် ကိုး )..လုံး
ခပ်သောသောလေး မြွေမကြောက်ကင်းမကြောက် ပြောရရင်တော့
သွေးဆိုးစမ်းသော စကားလိမ် ၊အချိပ်အဆက် ၊ အပေါက်ပိတ် ၊ အကောက်အကွေ့ များ......


 မင်းလက်ခုပ်သံသာ စစ်မှန်ပါစေ ..မေ ။
ငရဲ ခွေးတို့ ငရဲအိုးထဲမှာ အော်သံ သံစ  အစွယ်ဖျား ဖြောင်းဖြောင်းလန်နေကြ
စေတနာနဲ့ ပေးတာပါဆိုတဲ့အရာတွေက ငါ့နားထင်ကိုပေါက်ထွက်အောင် လာလာမှန်နေကြတယ်


 မပြောချင်သောအကြောင်းများဆိုပေမယ့်
စွယ်တော်ကိုင်းနဲ့ မျှားလို့ 
စောစောကလေးတင်မိထားတဲ့အမြီးဖျား.... ခေါင်းဖျား...
ဘယ်သူမှမသိခင် အရင်စားနိုင်ဖို့ 
ငါ...က....တော့...... သွား.....ပြီ
 (ဇက်ကကြိုး)

0 မှတ်ချက်ရေးထားသည်။:

Post a Comment